ကိုဗစ်ကာလ စည်းကမ်းများ မလိုက်နာသောဆိုင်များ စည်ပင်ဒဏ်ရိုက်

0
2829

ကိုအောင်ကြီး
မုံရွာ၊ ဩဂုတ်- ၆

ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေး စည်ကမ်းချက်များအား မလိုက်နာသည့် စားသောက်ဆိုင်၊ စျေးဆိုင်များအား မုံရွာစည်ပင်မှ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ ဒဏ်ရိုက်ခဲ့သည်။

မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို စည်ပင်ကော်မတီနှင့် ကျန်းမာ​ေရးဌာနတို့မှ ယနေ့ စစ်ဆေးခြင်း ဖြစ်သည်။

“ပေါ့နေကျလို့ စစ်ဆေးအရေးယူဖို့ ဗဟိုကရော၊ တိုင်းကပါ ပြောတယ်။ နှစ်ကြိမ်မြောက်ဆိုရင်တော့ ဆိုင်ပိတ်ခိုင်းမှာပါ”ဟု မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောသည် ။

စည်းကမ်းများ မလိုက်နာသော ဈေးဆိုင် (၁၃)ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၂၃) ဆိုင်တို့အား ဒဏ်‌ငွေပေးဆောင်စေခဲ့သည်။

စစ်ကိုင်းတိုင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ် ထိန်းချုပ်ကာလတွင် ပါဆယ်စနစ်ဖြင့် ရောင်းချစေခဲ့ပြီး ဇွန်လတွင် ကျန်းမာရေးစည်းကမ်းချက်များချမှတ်ကာ ဆိုင်ထိုင်စားစနစ် ပြန်ခွင့်ပြုခဲ့သည်။

စားသောက်ဆိုင်များသည် စားသုံးသူများအား ကိုယ်ပူချိန်တိုင်းရန်၊ တစ်ဦးနှင့်တစ်ဦးကြား အကာအရံထားရန်၊ ဆိုင်တွင် လက်သန့်ဆေးများထားရန်၊ လက်ဆေးနေရာများ သတ်မှတ်ရန်၊ နှာခေါင်းစည်း မျက်နှာကာများတပ်ဆင်ရန်၊ ဝန်ထမ်းအိပ်ဆောင်များတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရန် စသည်တို့ပါဝင်သည်။

ဓာတ်ပုံ- စည်ပင်

LEAVE A REPLY

Please enter your comment!
Please enter your name here