ကြက်သွန်စိုက်ခင်းများ၌ သူခိုးပူ၍ တောင်သူများ ညဉ်းတွား

0
65
ကြက်သွန်ခင်းများတွင် မီးစက်လေးလုံး ဆိုင်ကယ်တစ်စီးပျောက်ဆုံးထားသည်။ ဓာတ်ပုံ – အိအိမွန်

မုံရွာမြို့နယ်ရှိ ကြက်သွန်စိုက် ဒေသတစ်ခုဖြစ်သည့် တောင်ပုလူရွာ တွင် ကြက်သွန်စိုက်ခင်းများ၌ သူခိုး ပူ၍ တောင်သူများမှာ အခက်တွေ့ နေကြသည်။

ယခုနှစ် ကြက်သွန်စိုက်ရာသီ အတွင်း စိုက်ခင်းများ၌ ရေသွင်းရန် ထားသည့် မီးစက်လေးလုံး၊ ဆိုင်ကယ် တစ်စင်း ပျောက်ဆုံးခဲ့သည်။

“မီးစက် ထပ်မဝယ်နိုင်ဘူး။ ဒီရာသီက ပိုက်ဆံကုန်နေတဲ့ရာသီဆိုတော့ ဘေးတောက သူများစက်နဲ့ မောင်းရ မှာပဲ။ ကင်းကလည်း တချိန်လုံးတော့ စောင့်မနေနိုင်ဘူး။ တစ်ညတခေါက် လောက် လှည့်ပတ်ကြည့်ရတာပေါ့” ဟု တောင်ပုလူရွာမှ ဦးဝင်းလှိုင်က ပြောသည်။

ယခုလအတွင်း ဦးဝင်းလှိုင်၏ ၄သိန်းခွဲတန်မီးစက် အခိုးခံရသကဲ့သို့ ကျောက်ဆစ်ပုံတောင်ရွာ ကြက်သွန် အခင်းတွင်း ရေတွင်းတူးနေစဉ် ဆိုင်ကယ်အခိုးခံရသေးသည်။

တောင်သူများသည် ကြက်သွန် ရေသွင်းရသည့် ကာလပတ်လုံး မီးစက် များကို အခင်းအတွင်းသာ ထားရှိ ခြင်းဖြစ်သည်။

ညပိုင်းတွင် ခိုးယူခံရပြီး ရေသွင်းပိုက်များပါ မကြာခဏ ဖျက်ဆီးခံနေရ သည်ဟု ၎င်းတို့က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here