ကွမ်းယာ၊ အရက်နှင့် ဆေးလိပ် ရှောင်ကြရန် အတိုင်ပင်ခံ သတိပေး

0
87
ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူထုတွေ့ဆုံပွဲတွင် မြို့ငါးမြို့သို့ ရောက်ရှိခဲ့သည်။ ဓာတ်ပုံ - ထက်ဖြိုး

ကွမ်းယာ၊ အရက်နှင့် ဆေးလိပ်သောက်ခြင်းကို လူငယ်များ ရှောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၁ ရက်က ပင်လည်ဘူး လူထုတွေ့ဆုံပွဲတွင် ပြောသည်။

“ကွမ်းယာရောင်းတဲ့သူတွေက စိတ်မဆိုးကြပါနဲ့၊ ကွမ်းမစားကြပါနဲ့လို့ တိုက်တွန်းချင်တယ်။ ဒါက ပထမပါ။ ဒါကလည်း ကွမ်းယာရောင်းတဲ့ ပြည်သူပြည်သားတွေရဲ့ အနေအထားကို မသိလို့ ပြောတာမဟုတ်ပါ ဘူး။ ဒါကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကျွန်မတို့ အမြဲစဉ်းစားပါတယ်။ ဒါကိုသာ မစဉ်းစားရင် ကွမ်းယာရောင်းခွင့် ဘယ်ပေးမလဲ”ဟု ၎င်းက ဆိုသည်။

ကွမ်းယာရောင်းခွင့်မပေးလျှင် ကွမ်းယာရောင်းသည့်သူများနှင့် ကွမ်းစိုက်သည့်သူများအတွက် အခက်အခဲဖြစ်မယ်ဆိုသည်ကို သိရှိသည့်အတွက် သည်လိုတော့လည်း မလုပ်ပါဘူးဟု အတိုင်ပင်ခံက ပြောသည်။

“နောက်တဆင့် ပြောရမယ်ဆိုရင် အရက်သေစာ သောက်စားခြင်းကို ရှောင်ကြပါ။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ယောင်္ကျားလေးတွေ နည်းနည်းလေးကြီးလာပြီဆိုရင် အရက်သောက်ချင်ကြတယ်။ အရက်က သောက်ချင်စရာအကြောင်းကို မရှိဘူး။ အရက် သောက်တယ်ဆိုတာ ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုနည်းတူစွာပင် ဆေးလိပ်သောက်သည်လည်း ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ပိုက်ဆံမီးရှို့ခြင်းကမှ ပိုကောင်းလိမ့်မည်ဖြစ်ကြောင့် ထပ်လောင်းပြောဆိုသည်။

“ဆေးလိပ်သောက်တယ်ဆိုတာလည်း ပိုက်ဆံလည်းကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်တယ်။ ကျွန်မ အမြဲပြောပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတာ ကိုယ့်ပိုက်ဆံကိုယ် မီးရှို့သလိုပဲ။ ကိုယ့်ပိုက်ဆံကို မီးရှို့လိုက်တာကမှ ပိုကောင်းပါတယ်။ ပိုက်ဆံမီးရှို့တာက ပိုက်ဆံကုန်ပေမယ့် ကျန်းမာရေးမထိခိုက်ဘူး။ ဆေးလိပ်ဝယ်ပြီး သောက်ရင် ပိုက်ဆံလည်း ကုန်ပါတယ်။ ကျန်းမာရေးလည်း ထိခိုက်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဓာတ်ပုံ- ထက်ဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here