စစ်ကိုင်းတိုင်းအတွင်း ထပ်တိုးမသန်စွမ်းများ ထောက်ပံ့နိုင်ရေး တင်ပြထား

0
314
စစ်ကိုင်းတိုင်းအတွင်း မသန်စွမ်းဦးရေ နှစ်သောင်းနီးပါး ပိုတိုးလာသည်။

အံ့ကြီးမောင်
မုံရွာ၊ ဇူလိုင် – ၃

စစ်ကိုင်းတိုင်းအတွင်း ထပ်မံစာရင်းကောက်ရရှိသော မသန်စွမ်းများအား ထောက်ပံ့မှုပေးနိုင်ရန် လူမှုဝန်ထမ်း ရုံးချုပ်သို့ တင်ပြထားကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း မသန်စွမ်း ၁၇၂၂၁ ဦးအား တစ်ဦးလျှင် ကျပ် သုံးသောင်းနှုန်း ထောက်ပံ့ပေးထားပြီး ယခုနှစ်တွင် ထပ်တိုးကောက်ခံရယူသော မသန်စွမ်းဦးရေမှာ ၁၉၈၇၅ ဦး ဖြစ်သည်။

“စစ်ကိုင်းတိုင်း မသန်စွမ်းဆိုင်ရာ ဖွံ့ဖြိုးမှုကော်မတီက မသန်စွမ်းအရေးကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကော်မတီက ထောက်ပံ့ကြေးတွေပေးဖို့ ဆောင်ရွက်နေသလို ဒီဇင်ဘာလ ၃ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပ တာတွေ၊ ကာယဉာဏပြိုင်ပွဲတွေကို ကျင်းပပေးနေပါတယ်”ဟု ဒေါ်သန္တာထွေးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် မသန်စွမ်းဥပဒေ ပြဋ္ဌာန်းနိုင်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းရေး မူကြမ်းရေးဆွဲနေပြီ ဖြစ်သည်။

မသန်စွမ်းစာရင်းကောက်ယူရာတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အမြင်အာရုံမသန်စွမ်းနှင့် အကြားအာရုံမသန်စွမ်းဟူ၍ အုပ်စုခွဲ၍ စာရင်းကောက်နေခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here