စစ်ကိုင်းတွင် ဆူညံအိတ်ဇောများ လမ်းကြိတ်စက်ဖြင့် နင်းဖျက်ဆီး

0
1223

အောင်မြင့်မြင့်
စစ်ကိုင်း၊ ဩဂုတ်- ၅

စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိသော အသံဆူညံ အိတ်ဇောများအား ယနေ့နံနက်ပိုင်းက လမ်းကြိတ်စက်ဖြင့် နင်းဖျက်ဆီးခဲ့သည်။

၂၀၁၉ ဧပြီလမှ ယခုနှစ် ဇူလိုင်အတွင်း အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သော ဆိုင်ကယ်အိတ်ဇော ၁၆၀ ကို ပိုးတန်းရပ်ကွက် မြို့တော်ခန်းမရှေ့တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“ကိုဗစ်ကာလမှာ တခြားစည်းကမ်းတွေ လျှော့ပေါ့ပေးထားပေမယ့် ဆူညံအိတ်ဇောဖမ်းဆီးမှုကိုတော့ ဆက်လက်လုပ်သွားမှာပါ”ဟု စစ်ကိုင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူးဝင်းကိုကိုက ပြောသည်။

ယခုဖျက်ဆီးခဲ့သော အိတ်ဇောများတန်ဖိုးမှာ ကျပ်၂၈ သိန်းကျော် ရှိသည်။၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆူညံအိတ်ဇော ၃၅၀ ဖမ်းဆီးခဲ့ပြီး ဒဏ်ငွေ ကျပ်သိန်း ၇၀ ရရှိခဲ့သည်။

အဆိုပါ ဆူညံဆိုင်ကယ်အိတ်ဇောများကို စစ်ကိုင်းမြို့မစျေးကြီးလမ်းဆုံ၊ ပူးပေါင်းစစ်ဆေးသည့်နေရာများနှင့် ညအချိန် ဆိုင်ကယ်အသွားအလာများသည့် ကမ်းနားလမ်းနှင့် မြို့လယ်လမ်းမကြီးများမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here