စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းသူတစ်ဦး နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်

0
899

အောင်မြင့်မြင့်
စစ်ကိုင်း၊ ဩဂုတ်-၉

ယနေ့ထုတ်ပြန်သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင် စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းမှ ကျောင်းသူတစ်ဦး နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စစ်ကိုင်းမျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆ ဦး ဝင်ဖြေရာ ၂ ဦးအောင်မြင်ခြင်းဖြစ်သည်။

ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုသူ မျက်မမြင်ကျောင်းသား၊ ကျောင်းသူ ၆ ဦးထဲမှ ခုံအမှတ် စစ -၂၇၀၅ ဖြင့် ဝင်ရောက်ဖြေဆိုသူ မခင်ကြည်(မသဲဆုအောင်) မှာ ပထဝီနှင့်သမိုင်း ဂုဏ်ထူး ၂ ဘာသာရရှိခဲ့ပြီး ခုံအမှတ် စစ-၂၇၄၄ ဖြင့် ဝင်ရောက်ဖြေဆိုသူ မောင်အောင်သူရမှာ ရိုးရိုးအောင်မြင်သည်။

စစ်ကိုင်းမျက်မမြင်ကျောင်းမှ ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ အသစ် ၄ ဦးရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here