စစ်ကိုင်းမြို့တွင် နိုင်ငံတကာ ကုန်စည်ပြပွဲ ၃ ရက်ကြာ ကျင်းပမည်

0
67

စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် နိုင်ငံတကာ ကုန်စည်ပြပွဲ SAGAING INTERNATIONAL TRADE FAIR 2020 ကို ယနေ့မှ စ၍ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ပြပွဲတွင် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ပြခန်းပေါင်း ၁၀၀ကျော်ပါဝင်မည်ဖြစ်ပြီး တိုင်းအစိုးရမှ ပံ့ပိုးမှု ၊ခရိုင် ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း (SDCCI) နှင့် စီးပွားကူးသန်းဌာန၊ ကုန်သယ်မြှင့် တို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

” ကုမ္ပဏီတွေ ပုဂ္ဂလိကလုပ်ငန်းရှင်းတွေ စက်မှုလက်မှုလုပ်ငန်းရှင်တွေ နည်းပညာဖလှယ်မှုရရှိစေဖို့၊ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေဈေးကွက်နေရာကောင်းရရှိစေဖို့နဲ့ ရောင်းဝယ်ရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကျင်းပတာပါ ”ဟု SDCCU ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးကပြောသည်။

ပြပွဲတွင် မြန်မာနိုင်ငံ၊တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ၊ဗီယက်နမ်နိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် အင်္ဂလန်နိုင်ငံများမှ ကုမ္ပဏီများမှ အဆင့်မြင့် လူသုံးကုန်၊အလှကုန်၊စားသောက်ကုန်၊ဖက်ရှင်အသုံးအဆောင်၊ဆောက်လုပ်ရေးလုပ်ငန်းသုံး၊အိမ်တွင်းအလှဆင်၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊အီလက်ထရောနစ်ပစ္စည်းများ ပြသ ရောင်းချသည်။

ပြပွဲတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊စာရေးဆရာ ကျော်ရင်မြင့်၊ဦးအောင်ဆန်းဝင်း(အောင်သမာဓိရွှေဆိုင်)တို့၏ ဟောပြောမှုများ ၊ SME ဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲများ ၊ဖျော်ဖြေရေးများအပြင် Night Market ညဈေးကိုပါ ဖွင့်လှစ်ရောင်းချမည်ဖြစ်သည်။

Image may contain: one or more people
ပြပွဲတွင် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ပြခန်းပေါင်း ၁၀၀ကျော် ပါဝင်သည်။ ဓာတ်ပုံ – အောင်မြင့်မြင့်
Image may contain: 3 people, people smiling, outdoor
ပြပွဲတွင် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ပြခန်းပေါင်း ၁၀၀ကျော် ပါဝင်သည်။ ဓာတ်ပုံ – အောင်မြင့်မြင့်

LEAVE A REPLY

Please enter your comment!
Please enter your name here