စစ်ကိုင်း-ဝက်လက်-ရွှေဘိုခရိုင်ချင်းဆက်လမ်းအား နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း တည်ဆောက်မည်

0
31

စစ်ကိုင်း-ဝက်လက်-ရွှေဘိုခရိုင်ချင်းဆက်လမ်းအား နိုင်ငံတကာ အဆင့်မီ အဝေးပြေးလမ်းမကြီးဖြစ်လာမည့် Early Hervest Project လေးခုတွင် ထည့်သွင်းထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ နိုဝင်ဘာ ၃၀ တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင်ပြောခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ၁ မှ ဦးကျော်သောင်းမှ စစ်ကိုင်းမြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်းအား တိုးချဲ့၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘အခု နိုင်ငံတော်ကနေ နိုင်ငံတကာအဆင့်မှီလမ်းဖြစ်ဖို့ ပရော့ဂျက် ဆွဲနေပါတယ်။ လောလောဆယ်ကတော့ ပျက်စီးနေတာတွေကို ပြုပြင်ထိန်းသိမ်းနေပါတယ်’ဟု ဦးကျော်လင်းမှ ပြောသည်။

အဆိုပါ ခရိုင်ချင်းဆက်လမ်းမကြီးသည် မကြာမီ ဖောက်လုပ်သွားမည့် ရွှေလီ-မူဆယ်-ထီးချိုင့်-စစ်ကိုင်း- မန္တလေး-နေပြည်တော်-ကျောက်ဖြူ လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Express Way အဖြစ် အကောင်ထည်ဖော်ဆောင်ရွက်မည့် ပိုးလမ်းမ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။

‘အဲဒီလမ်းအနီးနားက ရွှေဘို-ဝက်လက်ကျေးရွာ၂၀ ကျော်က ကျေးရွာသူ၊ ကျေးရွာသားတွေအတွက် သွားရေးလာရေးကောင်းမွန်သွားမယ်။ လယ်သမားတွေအတွက် လယ်ယာထွက်သီးနှံတင်ပို့တဲ့နေရာမှာလည်း အထောက်အကူဖြစ်မယ်’ဟု ဦးကျော်သောင်းက ပြောသည်။ အဆိုပါ ခရိုင်ချင်းဆက်လမ်းတွင် ၂၁ မိုင်ကျော်ရှည်လျားပြီး ကျေးရွာဆယ်ရွာကျော် အိမ်ခြေတစ်သောင်းကျော် လူဦးရေသုံးသိန်းကျော် အမှီပြုနေထိုင်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here