စပါးကျီအောက်ဝှတ်ထားသော စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းမိ

0
223
စပါးကျီအောက်ဝှတ်ထားသော စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းမိ
ကွင်းဆက်တရားခံအား ရဲတပ်ဖွဲ့မှ ရှာဖွေစုံစမ်းနေသည်။

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင် – ၂၉

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ကျေးသီးရွာတွင် စပါးကျီအောက်ဝှက်ထားသော စိတ်ကြွဆေး တစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သည်။

မံစီရဲကင်း စခန်းရဲတပ်ဖွဲ့နှင့် မိုးသောက်ကြယ် (မူး/တား) ပူးပေါင်းအဖွဲ့တို့မှ ရှာဖွေဝရမ်းပုံစံဖြင့် ကျေးသီးရွာနေ ဒေသခံတစ်ဦး၏ နေအိမ်အား သတင်းအရ ဇူလိုင် ၂၈ ရက်ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေစဉ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စပါးကျီအောက်တွင် အဖြူရောင် ပလတ်စတစ်အိတ်နှင့် ထည့်ထားသော အထုပ်ငယ် ၁၃ ထုပ်အတွင်း မူးယစ်ဆေးဝါးဟု ယူဆရသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၄၈၀ဝ ပြား တန်ဖိုး သိန်းခြောက်ထောင်ကျော်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသော နေအိမ်မှ လင်မယားအား ပင်လည်ဘူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပုဒ်မ မယ(ပ)၁၃၀/ ၂၀ မူး/စိတ်ပုဒ်မ ၁၉(က)၂၁ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here