ဆရာ့ကျေးဇူးကြောင့် ဒီလိုဖြစ်လာတာပါ

0
92

ဦးစိန်ညိုနှင့်တွေ့ဆုံခြင်း

မုံရွာမြို့က ဦးစိန်ညိုရွှေဆိုင်ဆိုရင် မသိသူမရှိလောက်အောင် အောင်မြင်ထင်ရှားတဲ့ ဆိုင်တဆိုင်ပါ။ အခုအချိန်မှာ ရွှေဆိုင်လေးဆိုင်ရှိရုံမက ဖြူစင်မေတ္တာဆေးရုံ ကိုပါ တည်ထောင်ထားတဲ့ ဦးစိန်ညိုဟာ မျိုးနဲ့ရိုးနဲ့ ချမ်းသာလာသူမဟုတ်ပါဘူး။ သာမန်ပန်းထိမ်ဆရာ ဘဝကနေ အခုလို အောင်မြင်လာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရသလဲ။ ဘယ်လို ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရသလဲ။ အစရှိတဲ့ အချက်တွေကို ဦးစိန်ညိုနဲ့ တွေ့ဆုံမေးမြန်းထားတဲ့အထဲက အချို့ကို ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

MGZ – ပထမဆုံး အန်ကယ်ရဲ့ ပန်းထိမ်သင်စကနေ အခုချိန်ထိရွှေ လောကရဲ့ အတွေ့အကြုံသက်တမ်း လေးပြောပြ ပေးပါ။

USN – အသက် ၁၆ နှစ်ကတည်းက ပန်းထိမ်ပညာကို ဆရာကြီး ဦးစိန်မောင် ဆီမှာ စသင်ခဲ့တာဆိုတော့ ရွှေလောက မှာ နှစ် ၆၀ ကျော်ရှိပါပြီ။

MGZ – အဲဒီလို ပန်းထိမ်ဆရာဘဝ ကနေ ရွှေဆိုင်ဖွင့်ဖို့ စိတ်ကူးဘယ်လိုရခဲ့လဲ။

USN – ကျွန်တော့်ဆရာဦးချစ်ညိမ်း က မင်းနာမည်နဲ့ ငါ့ဆိုင်ကိုလာလာ မေးကြတယ်။ ရွှေဆိုင်ဖွင့်ပါ့လားဆိုပြီး သူကနေ မြေတောင်မြှောက်ပေးခဲ့တယ်။ ရွှေရော၊ ငွေရော ထုတ်ပေးခဲ့တယ်။ ကျေးဇူးရှင်ပေါ့ဗျာ။ မိဘတွေကအရင်း အနှီးမရှိဘူး။ ဦးချစ်ညိမ်းနဲ့ဒေါ်အုံးကျင် ကြောင့် ဒီလိုဖြစ်လာတာပါ။

MGZ – ဆရာက အရင်းအနှီးထုတ် ပေးတော့ ရွှေဘယ်လောက်နဲ့ စခဲ့သလဲ။

USN – ကျွန်တော်တို့မှာ ဆိုင်ခန်း ဝယ်ဖို့ကို ငွေမရှိတာ။ ရွှေတစ်ကျပ်သား ကို ၄၀ဝ ခေတ်က ငွေ၅၀ဝ၀ ထုတ်ပေးခဲ့ တယ်။ ဆိုင်ခန်းကပြင်ပြီးပြီ။ ခင်းဖို့ ရွှေက ရှိရဲ့လားလို့ ဆရာကမေးတော့မရှိဘူးလို့ ပြောတော့ ဆရာကထုတ်ပေးခဲ့တယ်။ ချိန်တောင်မချိန်ဘူး။ ရောင်းရမှလာရှင်းဆိုပြီး ဆွဲကြိုးရယ်၊ လက်စွပ်ရယ်၊ လက်ကောက်ရယ် ပေးလိုက်တယ်။ နောက်ပိုင်းဆပ်မယ်ဆိုတော့ အလေး ချိန်တောင်မမှတ်မိတော့ဘူး။

MGZ – အဲဒီအချိန်က ဆရာက တပည့်တွေတိုင်းကို အဲဒီလိုလုပ်ပေး သလား။

USN – ဆရာက တပည့်တွေတော်တော်များများကို လုပ်ပေးတယ်။ အိမ် ဆောက်မလား၊ ဆိုင်ဖွင့်မလားဆိုပြီးလုပ်ပေးတယ်။ အိမ်ဆောက်တာထက် ဆိုင် ဖွင့်တာ ကျွန်တော်အတွက် အရေးကြီး တယ်လေ။

MGZ – ဆရာက အဲဒီလို အားကိုးလာအောင် အန်ကယ်ကရော ဘယ်လိုတွေကြိုးစားခဲ့လဲ။

USN – ယုံကြည်မှုကတော့ အဓိက ပါပဲ။ ရိုးသားတာရော အရင်ဘဝက ရေစက်ရောပါတာပေါ့။ ပန်းထိမ်ဖိုမှာ ဆရာသမားတွေအတွက် ရေဆွဲရေခပ် က စလုပ်ပေးခဲ့တယ်။ ရွာမှာလည်း တောင်သူလုပ်လာတာဆိုတော့ အပင် ပန်းခံနိုင်တယ်လေ။ အဲတုန်းက လုပ် သာပေးခဲ့တာ ဘာမှမမျှော်မှန်းခဲ့ပါဘူး။

MGZ – ဆိုင်ဖွင့်ပြီး အောင်မြင်လာ အောင်ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုး စားခဲ့လဲ။

USN – ကြိုးစားရတာ ၁၄ နှစ်လုံး လုံး အလူးအလဲကြိုးစားခဲ့ရတယ်။ အကြွေးတွေတင်သေးတယ်။ တဖြည်းဖြည်းချွေတာရတာပေါ့။ အဲဒီအချိန် ကလေးက ၇ ယောက်ရှိနေပြီ။ ကလေး တွေလည်း ကြက်ဥတခြမ်းတို့၊ ခရမ်း ချဉ်သီးချက်၊ ပဲပြုတ်တို့ကျွေးပြီး ချွေတာ ရတယ်။ အဝတ်အစားဆိုရင်လည်း အကြီးနဲ့မတော်တာ အငယ်တွေကြီးစဉ်ငယ်လိုက် ဝတ်ပေးခဲ့ရတယ်။

MGZ – အန်ကယ်အနေနဲ့ သူများဆိုင်တွေထက်ပိုရောင်းရအောင် ဘယ် လို အားသာချက်တွေ ဖန်တီးခဲ့သလဲ။

USN – သူများတွေက လာရောင်းတဲ့ ရွှေတွေလည်းဝယ်တယ်။ ရွှေကောင်း အောင်လုပ်တယ်။ ၁၅ပဲဆိုရင် ၁၅ပဲရည် အတိအကျပဲ။ ပိုမစပ်ဘူး ပိုမလုပ်ဘူး။ ဝယ်တဲ့သူက ရွှေရည်မှီလားမေးလို့ မမှီဘဲ မှီတယ်ပြောရင် မုသားပဲလေ။ မုသားမပြောချင်လို့ ရွှေရည်မှန်အောင် အကောင်းဆုံးလုပ်တယ်။အဲဒါတွေက အကျိုးပေးတာပါပဲ။ မိတ်ကောင်း ဆွေကောင်းရအောင်လည်း ဘုရားပွဲဖိတ် ရင်လည်းလိုက်၊ အလှူဖိတ်လည်းလိုက် လူမှုရေးအစုံဂရုစိုက် လိုက်တယ်။ အဲဒါ တွေကဖောက်သည်ရတာပဲ။

MGZ – အဓိက ဖောက်သည်တွေက ဘယ်ဒေသက များလဲ။

USN – စစချင်းကတော့ ဖောက် သည်တွေက အရာတော်နယ်ဘက်က များတယ်။ အခုကျ တဖြည်းဖြည်းနာမည်ရလာတော့ နယ်စုံကများတယ်။

MGZ – ရွှေဆိုင်ဖွင့်ခါစက ပါဝင်ခဲ့တဲ့ လူတွေနဲ့ နေရာလေးပြောပါ။

USN – ရွှေဆိုင်ဖွင့်ခါစက သုံးလေးယောက်လောက်နဲ့ စဖွင့်ခဲ့တာပါ။ ဈေး ထောင့်က အခုဆိုင်နေရာလေးမှာပဲ ဖွင့်ခဲ့တာပါ။ ၁၃၂၉ ခုနှစ်မှာ ဆိုင်ခန်းကို ၅၀ဝ၀နဲ့ ဝယ်ခဲ့တယ်။

MGZ – စဖွင့်ပြီး ဘယ်အချိန်လောက်မှ အောင်မြင်လာသလဲ။

USN – အချိန်တော်တော်ယူရတယ်။ ၇နှစ်၊ ၈နှစ်တော့အနည်းဆုံးပဲ။ လာရောင်း လို့ဝယ်တဲ့ဟာ လှော်ပြီးသုံးတယ်။ လှော် လို့ပိုတာကို မန္တလေးကို ရောင်းတယ်။ သားသမီးက မိန်းကလေး ၇ယောက်၊ ယောကျာ်းလေး ၄ ယောက်၊ ၁၁ ယောက် ကလေးတွေကြီးလာတော့လည်း အထောက်အပံ့ဖြစ်လာတယ်။ စောစော ကတော့ လုံးလည်လိုက်နေတာ ချွေတာ ခဲ့ရတာ ကျွန်တော်သားသမီးတွေကျောင်း သွားရင် ခြေလျင်သွားရတယ် သူတို့ နဲ့ရွယ်တူတွေက စက်ဘီးလေးတွေနဲ့ ဝယ်ပေးချင်တာပေါ့။ စိတ်ထဲမှာလည်း ခံစားခဲ့ရတယ်။ စက်ဘီးတစီး ရွှေတမတ် သားဆိုတော့ ချွေတာခဲ့ရတာ။

MGZ – အဲဒီအချိန်က တနေ့မှာ အလုပ်ချိန် ဘယ်လောက်လောက် အလုပ်လုပ်ခဲ့ရလဲ။

USN – အလုပ်အရေးကြီးတဲ့အပေါ် မူတည်ပြီး လုပ်ရတယ်။ မနက်၇နာရီ ကနေ ည ၁၂ နာရီကျော်ထိ လုပ်ရတာ။ ထမင်းစား၊ လက်ဖက်ရည်သောက်ပဲ နားရတာ။ အလုပ်သမားတွေဆိုရင် ကြောက်ပြီး ပြန်ပြေးကြတယ်။ နောက်ပိုင်းစက်တွေပေါ်လာတော့ အဲ့လောက် မလုပ်ရတော့ဘူး။ စက်နဲ့လက်နဲ့ကွာ သွားတာပေါ့။ အချိန်မပေးရတော့ဘူး။

MGZ – အန်ကယ်သားသမီးတွေလည်း ခုချိန် မှာ သူ့နေရာသူ အတိုင်းအတာတခုထိ အောင် မြင်နေကြတယ်။ အလုပ်တွေ မအားတဲ့ကြားက သားသမီး ၁၁ ယောက်ကို ဘယ်လို ပြုစု ပျိုးထောင်ရလဲ။

USN – ကျွန်တော်က အလုပ်တွေမအားတဲ့ အတွက် သားသမီးတွေကို သေချာကြီး ဂရုစိုက် တာမျိုးတော့ မလုပ်နိုင်ဘူး။ သူတို့အသိနဲ့ သူဖြစ် လာအောင်ပဲ ပြောပြပေးနိုင်တာလောက်ပဲရှိတယ်။ အဓိကတော့ ကျွန်တော့်အမျိုးသမီးပဲ သားသမီး တွေကို အနီးကပ်စောင့်ရှောက်တာပါ။

MGZ – လက်ရှိအချိန်မှာ သားသမီးတွေအားလုံး ဆိုင်ခွဲတွေရှိနေကြပြီ။ ဘယ်လိုစိတ်ကူးနဲ့ ဖွင့်ပေးဖြစ်တာလဲ။

USN – သူတို့တွေ အိမ်ထောင်ကျကြတော့ တစ်ဆိုင်ထဲမှာပဲ အတူတူ လုပ်ကြတယ်။ စုလုပ်ပြီး သူတို့ကို လခပေးပေါ့။ သူတို့က မခွဲချင်ကြဘူး။ အိမ်ထောင်ကျလို့ ဆိုင်မှာလုပ်ရင်း ၂ နှစ်နေ ရင်ခွဲရမယ်လို့ စည်းကမ်းထုတ်ထားတယ်။ တစ်ယောက်ကို ၄၅ကျပ်သားစီ ထုတ်ပေးတယ်။ ပြီးမှ ပြန်ဆပ်ပေါ့။ သူတို့ စခွဲတဲ့ နှစ်ကတည်းက အောင်မြင်ကြတယ်။

MGZ – သားသမီးတွေ ဆိုင်ခွဲတွေ ဖွင့်တဲ့အခါ အန်ကယ်အနေနဲ့ အရေးကြီးမှာတဲ့ သြဝါဒစကား ရှိရင် ပြောပြပေးပါ။

USN – အရည်အသွေးနဲ့ မှန်ကန်မူက အဓိက ကျတယ်လို့ ပြောခဲ့တယ်။

MGZ – ကိုယ့်ဖောက်သည်တွေရဲ့ ရွာတွေမှာ ရော ဦးစိန်ညိုမိသားစု ရွှေဆိုင်အနေနဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်ဖြစ်လား။

USN – လာအလှူခံရင်တော့ လှူဖြစ်တယ်။ ဘုရားပွဲကျောင်းပွဲတော့ မလွတ်ဘူးပေါ့။ အဓိက ကတော့ ကိုယ့်ရွာကိုအာရုံခံတွေ၊ သိမ်တွေဆောက် လှူဖြစ်တယ်။ ဖောက်သည်တွေ အလှူခံတာမျိုး တွေဆို မျက်နှာကြီး၊ မျက်နှာငယ်မရွေး လှူဖြစ်ပါ တယ်။ ဖောက်သည်ရွာရယ်လို့ မဟုတ်ဘူး လိုအပ်မယ်ထင်တဲ့ စာသင်ကျောင်းဆောင်၊ ထရန် စဖော်မာ၊ စာသင်တိုက်တို့ အလုံးအရင်းနဲ့ လှူဖြစ် ခဲ့ပါတယ်။

MGZ – သားသမီးတွေ ဆိုင်ခွဲတွေ ဖွင့်တဲ့အခါ အန်ကယ်အနေနဲ့ အရေးကြီးမှာတဲ့ သြဝါဒစကား ရှိရင် ပြောပြပေးပါ။

USN – အရည်အသွေးနဲ့ မှန်ကန်မှုက အဓိက ကျတယ်လို့ ပြောခဲ့တယ်။

MGZ – ကိုယ့်ဖောက်သည်တွေရဲ့ ရွာတွေမှာ ရော ဦးစိန်ညိုမိသားစု ရွှေဆိုင်အနေနဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်ဖြစ်လား။

USN – လာအလှူခံရင်တော့ လှူဖြစ်တယ်။ ဘုရားပွဲကျောင်းပွဲတော့ မလွတ်ဘူးပေါ့။ အဓိက ကတော့ ကိုယ့်ရွာကိုအာရုံခံတွေ၊ သိမ်တွေဆောက် လှူဖြစ်တယ်။ ဖောက်သည်တွေ အလှူခံတာမျိုး တွေဆို မျက်နှာကြီး၊ မျက်နှာငယ်မရွေး လှူဖြစ်ပါ တယ်။ ဖောက်သည်ရွာရယ်လို့ မဟုတ်ဘူး လိုအပ်မယ်ထင်တဲ့ စာသင်ကျောင်းဆောင်၊ ထရန် စဖော်မာ၊ စာသင်တိုက်တို့ အလုံးအရင်းနဲ့ လှူဖြစ် ခဲ့ပါတယ်။

MGZ – ရွှေဆိုင် တွေ အောင်မြင်နေရာက ဖြူစင်မေတ္တာဆေးရုံကို ဘယ်လိုစိတ်ကူးနဲ့များ ဖွင့်ဖြစ်ခဲ့ပါသလဲ။

USN – ဆေးရုံစဖွင့်ဖြစ်တာကတော့ အိမ်ဝန်း ဝယ်တာ ဝါသနာပါတော့ ဝယ်ထားဖြစ်တယ်။ သမီး ၃ ယောက်နဲ့သားမက်က ဆရာဝန်ဆိုတော့ အဲနေရာက မြေကွက်လပ်ကို ဆေးရုံဆောက်မယ် ပေါ့။ အိမ်ထောင်ကျတော့ ဖွင့်ချင်တယ်ပေါ့။ အောင်မြင်အောင်လုပ်ပေါ့ဆိုပြီး အရင်းအနှီး ထောင်ပေးခဲ့တယ်။ အစပိုင်းတော့မောင်နှမတတွေ ဝိုင်းကူကြတာပေါ့။ နောက်ပိုင်းကျတော့ ကိုယ့် အလုပ်နဲ့ကိုယ်ဆိုတော့ မကူနိုင်ကြတော့ဘူး။ သူတို့လုပ်ချင်တာလေး လုပ်ပေးလိုက်တယ်။

MGZ – အန်ကယ်က စီးပွားရေးမှာလည်း အောင်မြင်တယ်။ ဒီလိုအလုပ် တွေ ရှုပ်နေတဲ့ကြား ကပဲ သားသမီးသုံးယောက်ကို ဆရာဝန်တွေ ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲ။

USN – သူတို့စိတ်နဲ့သူပေါ့။ သူတို့ကိုယ်တိုင်ကိုက ဖြစ်ချင်တာပါ။ အကြီးဆုံးက ဒီမှာဆေးလိုင်းမဝင်ရင် နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်လို့ပြောတာ။ သူတို့ဝါသနာနဲ့သူလုပ်ကြတာပါ။ ငယ်တုန်းကပဲ ဆုံးမတာပါ။ အဓိကတော့သူ့အသိနဲ့သူရှိတဲ့အချိန်ကျ လွတ်လွတ်လပ်လပ်ထားတယ်။ စည်းကမ်းတွေနဲ့ ချူပ်မထားဘူး။ အကြီးတွေတုန်းကတော့ ဝိုင်းတွေ ဘာတွေမထားနိုင်ပါဘူး။ ကြီးမှသာထားနိုင်တာပါ။

MGZ – အန်ကယ်က ခုဆို ကိုယ်တိုင်လုပ်ငန်း တွေကနေ နားလိုက်ပြီ။ ဒီတော့ ရွှေဆိုင်ခွဲအားလုံး မှာ အကြံဉာဏ်ပေးတာမျိုးရှိရင် ပြောပြပါဦး။

USN – ရွှေစလုပ်ကတည်းက သူတို့က လုပ်ပုံ လုပ်နည်းတွေသိကြပြီးသားလေ။ အခုထိ အဲဒီ အတိုင်းပဲ။ ဘယ်ဆိုင်မှာပဲဝယ်ဝယ်ဒီအတိုင်းပဲ။ ရွှေဈေးကို မန္တလေးလှမ်းမေးတယ်။ ဒီနေ့ ဘယ်ဈေး နဲ့ရောင်းဆိုပြီး ပေါက်ဈေးအတိုင်းရောင်းဖြစ်တယ်။ သူတို့လည်းအတော်ကို သိကုန်ကြပြီဆိုတော့ သိပ် အကြံတော့မပေးရပါဘူး။ သူတို့လည်း လုပ်နိုင်ကိုင်နိုင် တဲ့ အရည်အချင်းရှိမှ ခွဲပေးတာပါ။သူတို့မောင်နှမ တွေ ဦးစီးလုပ်ပြီးမှ ခွဲပေးတာပါ။

MGZ – အခုရွှေလောကထဲက ဝင်လာမယ့်လူ တွေကို အန်ကယ်ရဲ့အတွေ့အကြုံ မျှဝေပေးပါဦး ။

USN – အဓိကတော့ ရိုးသားမှုပါ။ ပစ္စည်းမှန် ကန်မှုပါ။ ၁၅ပဲရည်ဆို အပြည့်၊ ဒင်္ဂါးဆိုလည်း ၁၂ ရွေးစပ်၊ အလျော့တွက်တွေ၊ လက်ခတွေကစပြီး သိတဲ့သူပဲလာလာ၊ မသိတဲ့သူပဲလာလာ ဒီအတိုင်း ပုံမှန်ပဲရောင်းတယ်။ သူများနဲ့ယှဉ်ရင်စိတ်တိုင်း ကျရမယ်။ ကိုယ့်ဖောက်သည်တွေနဲ့ ရင်းနှီးမှု တည်ဆောက်တယ်။ တစ်ယောက်မအား တစ် ယောက်သွားတယ်။ အဲလိုနဲ့ အောင်မြင်အောင် တည်ဆောက်ခဲ့တယ်။

MGZ – နောက်ဆုံးမေးခွန်းအနေနဲ့ အခုအချိန် မှာရော အန်ကယ်တို့ ခေတ်ကလို တပည့်မျိုးတွေရှိ သေးလား။

USN – တော်တော်လေးကိုရှားသွားပါပြီ။ မရှိ သလောက်ပါပဲ။ ခေတ်ကလည်းပြောင်းသွားပြီ။ စိတ်ဓာတ်တွေ၊ စနစ်တွေရော ပြောင်းသွားတာပေါ့ နော်။

MGZ – ကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here