ဆိုင်ကယ်လေစစ်ဘူးအတွင်း ဝှက်သယ်လာသော စိတ်ကြွဆေးများ ဖမ်းမိ

0
21

ကိုအောင်ကြီး
မုံရွာ၊ ဇူလိုင် – ၁

ရွှေဘို – မန္တလေးသွား ကားလမ်း တဂဏန်းကျေးရွာအဝင် တံတားအနီးတွင် ဆိုင်ကယ်တစ်စီး၏ လေစစ်ဘူးအတွင်း သိုဝှက်သယ်လာသော စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

ဇွန် ၃၀ ရက် ညနေ ၄နာရီခွဲ အချိန်က ရွှေဘိုမြို့မရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးသူ ခေါင်းဆောင်သော အဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် မန္တလေးဘက်မှ ရွှေဘိုဘက်သို့ မောင်းလာသေ ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့သည်။

စစ်ဆေးစဉ် စကူပီဆိုင်ကယ် နောက်ဘီး လေစစ်ဘူးအတွင်း သိုဝှက်သယ်လာသော စိတ်ကြွဆေး ၃၈၈ ပြား တန်ဖိုး ၁၉ သိန်းကျော်ဖိုးကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

၎င်းကြောင့် မူးယစ်ဆေးများသယ်လာသူ ရွှေဘိုမြို့ သက်သာပန်းတောင်းရပ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသားအား ရွှေဘိုမြို့မရဲစခန်းတွင် မယ(ပ)၁၁/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉ (က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here