တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး စစ်ကိုင်းတိုင်း ဒုတိယရ

0
1921

အိအိမွန်
မုံရွာ၊ဩဂုတ်-၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့ထုတ်ပြန်ရာ စစ်ကိုင်းတိုင်းသည် မန္တလေးတိုင်းပြီးလျှင် ဒုတိယအောင်ချက်အကောင်းဆုံးဖြစ်သည်။

ယခုနှစ်အောင်ချက်ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်ထက်လည်း များကြောင်း သိရသည်။

မန္တလေးတိုင်းသည် အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြစ်ပြီး စစ်ကိုင်းတိုင်းသည် ၃၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၁၂၅,၆၀၇ ဦးရှိပြီး အောင်မြင်သူ ၄၄,၁၇၀ ဦး ရှိသည်။

ဂုဏ်ထူး ၅ ဘာသာဖြင့် အောင်မြင်သူ ဟုမ္မလင်းမြို့နယ်မှ မဂျူးဂျူးခင် ခုံနံပါတ် (စဟ-၂၄၈၃ )သည် ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံး စတုတ္ထအမှတ်အများဆုံး ဖြစ်သည်။

ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော်ရှိရာ ယခင်နှစ် ဂုဏ်ထူးရ ဦးရေထက် ၃ ထောင်ခန့် များသည်။

စစ်ကိုင်းတိုင်းတွင် ယခုနှစ် ဘာသာစုံဂုဏ်ထူးရှင် ၄၅ ဦး ပေါ်ထွက်ပြီး ယခင် ၂ နှစ်ထက် များကြောင်းလည်း တိုင်းပညာရေးရုံး၏ စာရင်းများအရ သိရသည်။

ဂုဏ်ထူးထွက်သည့် ဘာသာရပ်များတွင် ဇီဝဗေဒသည် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် သင်္ချာ၊ ပထဝီ၊ မြန်မာစာတို့ အစဉ်လိုက် ရပ်တည်သည်။

စစ်ကိုင်းတိုင်း အောင်စာရင်းများ ကြည့်ရှုရန် အောက်ပါလင့်ကို နှိပ်ပါ။

https://www.myanmarexam.org/sgg.html

LEAVE A REPLY

Please enter your comment!
Please enter your name here