တိုက်ပွဲတွင် အရပ်သားများ သေဆုံးမှုအပေါ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-မုံရွာမှ သဘောထားထုတ်ပြန်

0
552

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဇူလိုင်-၁၂

ဇွန်လအတွင်းက တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ ( RCSS/ SSA)တို့ တိုက်ပွဲဖြစ်ရာ အရပ်သားများ သေဆုံးမှု၊ ဒဏ်ရာရမှုအပေါ် တပ်မတော်၏ ပစ်ခတ်မှုအား အပြင်းအထန်ရှုတ်ချကြောင်း ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ -မုံရွာမှ ယနေ့တွင် သဘောထားထုတ်ပြန်ကြေညာသည်။

ပစ်ခတ်မှုအား ရပ်တံ့နိုင်စေရန်နှင့် ပစ်ခတ်မှုအပေါ် တာဝန်ယူ စစ်ဆေးအရေးယူစေရန် ဒေသခံ ရှမ်းလူထုမှ ဇူလိုင် ၁၀ ရက်နေ့က ကျောက်မဲမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြမှု ဦးဆောင်သူများအား တပ်မတော်မှ တရားစွဲဆို အရေးယူသည်ကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

“ကျောက်မဲမှာ စစ်ဖြစ်သလိုမျိုးက ဒေသခံတွေအပေါ်မှာ ညှင်းပမ်းနှိပ်စက်မှု၊ လူသားမဆန်မှု သက်ရောက်မှုဖြစ်နေတယ်၊ ဒီလိုမျိုးလုပ်ရပ်တွေ ရှေ့ဆက်ဖြစ်နေမယ်ဆိုလည်း ကျွန်တော်တို့ဘက်က ဆက်လက်ကန့်ကွက်နေမှာပါ”ဟု ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ မုံရွာတက္ကသိုလ် ဥက္ကဌ စိုင်းဟိန်းအာကာကျော်က ပြောသည်။

ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ- မုံရွာ သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အစရှိသည့် ဒေသအသီးသီးမှ ရှမ်းတိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကော်မတီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here