တောအတွင်း နွားရွေ့သွားစဥ် ညီအစ်မနှစ်ဦး အသတ်ခံရ

0
8792

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင်-၁၃

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာ တောအတွင်း ညီအစ်မနှစ်ဦး အသတ်ခံရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နတ်မဟုတ်ကလေးကျေးရွာနေ အသက် ၁၇ နှစ်နှင့် ၁၄ နှစ်အရွယ် ညီအစ်မနှစ်ဦးသည် ယနေ့ မွန်းတည့်ချိန်က ရွာအနီး အနောက်မြောက်ဘက် နွားလှန်ကုန်းသို့ နွားသွားရွေ့စဉ် အသတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အလောင်းများကို မောင်းအင်းကန်ဘေးတွင် ညနေ ၃ နာရီခန့်က ဒေသခံတစ်ဦးမှ တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

“ဖြစ်တာတော့ အပြန်မှ ဖြစ်တာထင်တယ်။ နားရွက်မှာ နားတောင်းလေးတွေတော့ရှိတယ်။ ဖုန်းတစ်လုံးတော့ မရှိဘူး”ဟု အုပ်စုအုပ်ချုပ်ရေးမှူး ဦးပေါ်ထွန်းက ပြောသည်။

ညီမနှစ်ဦးမှာ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်းတို့တွင် ချွန်ထက်သော အရာဝတ္ထုဖြင့် အချက်ပေါင်းများစွာ ထိုးသွင်းခံရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်နေရာတဝိုက်သည် မူးယစ်ဆေးသမားများ သွားလာနေသော နေရာဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ရုပ်အလောင်းများအား အင်းတော်ဆေးရုံသို့ ပို့ဆောင် စစ်ဆေးထားသည်။

လူသတ်မှုအား ခရိုင်ရဲမှူးကြီးကိုယ်တိုင် လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

ဓာတ်ပုံ-ချစ်လင်း (အင်းတော်)

LEAVE A REPLY

Please enter your comment!
Please enter your name here