ထိုင်ဝမ်ဇီးသီး ဈေးကျ ခြံသမားများ အရှုံးပေါ်

0
92
ထိုင်ဝမ်ဇီးသီး ဈေးကျသဖြင့် ခြံသမားများ အရှုံးပေါ်
ဇီးသီးစျေးသည် တစ်တင်းခွဲဝင် တစ်အိတ်လျှင် ကျပ် ၁၂၀၀၀ ဝန်းကျင်သာ ရှိပြီး ယခင်နှစ်အောက် ကျပ် ၆၀၀၀ ခန့် အထိ ကျဆင်းသွားခြင်း ဖြစ်သည်။ ဓာတ်ပုံ-အိအိဖြိုး

မုံရွာ၊ ဇန်နဝါရီ-၁
ထိုင်ဝမ်ဇီးသီးမှာ ယခုနှစ်တွင်အထွက်ကောင်းသော်လည်း ယခင်နှစ်ဈေးထက် ကျဆင်းနေ၍ ခြံသမားများ အရှုံးပေါ်နေကြောင်း မုံရွာမြို့နယ် လယ်ဇင်ရွာမှ ဇီးစိုက်တောင်သူများက ပြောသည်။ ထိုင်ဝမ်ဇီးသီးကို ခေါင်သီး၊အလယ်သီးနှင့် အောက်သီးဟူ၍ ၃ မျိူးခွဲခြားထားပြီး ယမန်နှစ်က ပထမတန်းစားတစ်အိတ်လျှင် ၁၈၀ဝ၀ ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင် ၁၂၀ဝ၀ ကျပ်သာ ရရှိသည်။ “မနှစ်ကနဲ့စာရင် ကျသွားတော့ လုပ်ရကိုင်ရတာ ခက်ခဲတယ်။စရိတ်စကတွေနဲ့ဆိုရင် ဒီနှစ်တော့ အရှုံးပြနေတယ်။ ဇီးက ဈေးကောင်းတာ ၃ နှစ်လောက်ရှိသေးတာ။ အခုကျ ခြံတွေလည်းများလာတော့ အထွက်နှုန်းတွေများလာတဲ့အတွက် ဈေးတွေကျသွားတာပါ” ဟု ဇီးစိုက်တောင်သူဦးတင်မောင်မြင့်ကပြောသည်။ဇီးစိုက်ပျိုးသူများသည် ကွမ်းနှင့်တွဲဖက်စိုက်ပျိုးလေ့ရှိပြီးယခင်နှစ်များကကွမ်းရွက်မှာဈေးကောင်းသည့်အတွက်ဇီးပင်များကို အလေးမထားနိုင်ဘဲ ယခုနှစ်တွင် ကွမ်းဈေးမကောင်းသည့် အတွက် ဇီးကိုသာ အဓိက ထားစိုက်ပျိုးလာကြကာ အထွက်နှုန်းများတိုးလာသဖြင့် ဈေးကျဆင်းရခြင်းဖြစ်သည်။
ထိုင်ဝမ်ဇီးသီး အချိုပင်သည် ကိုင်း ကူးစိုက်ပြီး တစ်နှစ်အကြာ အသီးသီးပြီးတစ်ဧက ၂၅ သိန်းကုန်ကျစရိတ်ရှိသည်။ တစ်ဧကတွင် အပင် ၁၀ဝ ခန့် စိုက်နိုင်ပြီး ထွက်နှုန်းမှာ တစ်တင်းခွဲအိတ် ၁၅၀ ကျော်ထွက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here