နာဂတွင် မဲစာရင်းအမှား လာပြင်သူ ၉၀၀ ကျော်ရှိ

0
539

နွမ်းနွမ်း
နန်းယွန်း၊ ဩဂုတ်-၄

နာဂဒေသတွင် မဲစာရင်းပြင်ရန်နှင့် ပယ်ဖျက်ရန် လျှောက်ထားသူ ၉၀၀ ကျော်ရှိကြောင်း နာဂဒေသကော်မရှင်ရုံး ဦးစီးအရာရှိ ဦးသူရနိုင်က ပြောသည်။

လျှောက်ထားရာတွင် အမည်မှားများ ပြင်ရန် အများဆုံးဖြစ်ပြီး မပါသင့်သူများပါနေသည့် အမည်စာရင်းများ ပယ်ဖျက်ရန်မှာ အနည်းဆုံးဖြစ်သည်ဟု သိရသည်။

နာဂဒေသတွင် မဲစာရင်းများ လာကြည့်ရန် စိတ်ဝင်စားမှုနည်းပါးကြောင်း ယခုချိန်ထိ မဲစာရင်းလာကြည့်သူ ဦးရေ ၉ ထောင်ကျော်သာ ရှိသေးကြောင်း ကော်မရှင်ရုံး မှ သိရသည်။

“မဲစာရင်းလာကြည့်ဖို့ ရပ်/ကျေးစာရေးတွေက တိုက်တွန်းနေကြလို့၊ တစ်မိသားစုကနေပြီး အားလုံးကိုယ်စား လာကြည့်ကြတယ်။ စိတ်ဝင်စားမှုနည်းနည်းပဲ ရှိတယ်”ဟု ၄င်းက ပြောသည်။

နာဂဒေသတွင် လူဦးရေ တစ်သိန်းကျော်ရှိရာ ၂၀၂၀ မဲရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ခုနစ်သောင်းကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၄၈ ရုံထားမည် ဖြစ်သည်။

မဲစာရင်းများ ကြေညာကပ်ထားရာတွင် လမ်းခရီးအခက်အခဲများနှင့် ဆက်သွယ် ရေး အခက်အခဲများရှိ၍ နောက်ကျမှုများလည်း ကြုံတွေ့နေရကြောင်း ဦးစီးအရာရှိက ပြောသည်။

နာဂဒေသတွင် ယှဉ်ပြိုင်မည့်ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နာဂအမျိုးသားပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here