နာဂတွင် မှတ်ပုံတင်မရှိသူများ ရပ်/ကျေး ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲ မဲပေးနိုင်မည်

0
852

နွမ်းနွမ်း
နန်းယွန်း၊ ဇူလိုင်-၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မှတ်ပုံတင်မရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည်ဟု ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး လက်ထောက်ညွှန်မှူး ဒေါ်သန်းသန်းဝင်း က ပြောသည်။

နာဂဒေသတွင် အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသူများပြီး လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် သုံးခုတွင် မဲပေးနိုင်သူ ၇ သောင်းခွဲနီးပါး ရှိသည်။

“အသက် ၁၈ နှစ်ပြည့်ရမယ်၊ နိုင်ငံသားဖြစ်ရမယ်၊ မဲစာရင်းမှာ ပါဝင်တဲ့သူ ဖြစ်ရမယ်၊ မှတ်ပုံတင်မရှိပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်နဲ့ ပေးနိုင်တယ်” ဟု ဒေါ်သန်းသန်းဝင်းက ပြောသည်။

နာဂဒေသတွင် မှတ်ပုံတင်ပြုလုပ်ရန် မလွယ်ကူကြောင်း ရွာမှ မြို့သို့ တက်၍ လုပ်ရခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

နာဂဒေသတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ၊ နာဂအမျိုးသားပါတီ၊ ညီညွတ်သောဒီမိုကရက်သစ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ အခြေစိုက်တည်ရှိသည်။

ကော်မရှင်ရုံးအနေဖြင့် ဒေသဝေးလံခြင်း၊ ဆက်သွယ်ရေးမကောင်းခြင်းတို့ကြောင့် ဖုန်းလိုင်းမရသောဒေသများ၌ အိုင်ကွန်လက်ကိုင်စကားပြောစက်ဖြင့် အဆက်အသွယ်ပြုလုပ်ရပြီး ယခုအခါ သုံးခွင့်မရသဖြင့် အခက်အခဲများ ဖြစ်နေသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here