နေလောင်ဒဏ်ရာ ကုသပါ

0
56

တစ်ပတ်မှာတော့ ချင်းတွင်းသင်္ကြန်ကိုဖြတ်သန်းခဲ့ကြသူတွေအတွက် နေလောင်ခြင်းအကြောင်းလေးနဲ့ နေလောင်တာကို ဘယ်လိုကုမလဲဆိုတဲ့အကြောင်းလေး ရှာဖွေတင်ပြပေးချင်ပါတယ်။


၁။ နေလောင်တယ်ဆိုတာ
နေလောင်တယ်ဆိုတာက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့အရေပြားနဲ့တိုက်ရိုက်ထိတွေ့မိပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ ဓာတ်မတည့်မှုတွေဖြစ်လာတာပဲဖြစ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ UVA and UVB ကလူသားတွေရဲ့အရေပြားကို ထိခိုက်နိုင်ပါတယ်။အထူးသဖြင့် ကလေးတွေရဲ့အရေပြားတွေ၊အသားအရေနူးညံ့တဲ့ အရွယ်ရောက်သူတွေရဲ့အရေပြားတွေကို ပိုပြီးထိခိုက်စေပါတယ်။နေလောင်ခြင်းကြောင့် ပူပြီးခြောက်သွေ့စေတယ်။ နီရဲပြီးယားလာမယ်။ အပူလောင်တာ အရည်ကြည်ဖုထလာတာတွေထိဖြစ်နိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး
နေလောင်ခံရရင်တော့ အဖျားပါတက်နိုင်ပါတယ်။ နေရောင်အောက်မှာ ၁၅မိနစ်လောက် နေမိရုံနဲ့နေလောင်နိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ ဓာတ်ရောင်ခြည်သင့်ရင် ဖြစ်သလိုမျိုး မီးလောင်ဒဏ်ရာလေးဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကတော့လူခန္ဓာကိုယ်က သက်ရှိတစ်သှူးဖြစ်တဲ့ အရေပြားကို ထိခိုက်တာပဲ ဖြစ်ပါတယ်။


၂။ နေလောင်တာဘာကြောင့်လဲ
ဒီလို နေလောင်တာဟာ နေကနေ တစ်ဆင့်ထွက်လာတဲ့ နေရောင်ခြည်၊ UV ရောင်ခြည်တွေနဲ့ထိတွေ့မှု အချိန်ကြာတာတွေကြောင့် ဖြစ်ပါတယ်။ UV ဓာတ်ရောင်ခြည်တွေ ထိတွေ့မိရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ နေလောင်တဲ့အခါ အရင်ဆုံး အရေပြားမှာ အနီကွက်တွေ ဖြစ်လာပြီး နောက်ပိုင်းနာလာပါတယ်။ ဒီလိုနာလာတာဟာ UV rays တွေနဲ့ ထိတွေ့မှု ကြာချိန်ပေါ်မှာ မူတည်ပါတယ်။ ဒီလို UV rays နဲ့ ထိတွေ့တာကြာလေ ပိုနာကျင်လေပါ။ အခြားတွေ့ရတဲ့ လက္ခဏာတွေကတော့ ဖောမယ်၊ ယားမယ်၊ အရေပြားတွေကွာမယ်၊ အင်ပျဉ်ထွက်မယ်၊ ပျို့မယ်၊ ဖျားမယ်၊ ချမ်းတုန်မယ်၊ အခန့်မသင့်ရင် သတိလစ်တာတွေပါ ဖြစ်နိုင်ပါတယ်။ နေလောင်တာ မပြင်းထန်ရင် အရေပြားအနည်းငယ်နီတာနဲ့ အနည်းငယ်နာတာလောက်ပါပဲ။ အရမ်းဆိုးရင်တော့ အရည်ကြည်ဖုတွေထွက်တတ်ပါတယ်။

နေလောင်တဲ့ ဒဏ်ရာတွေဟာ ၁၅ မိနစ် အတွင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခြားထိခိုက်မှုတွေဟာ ချက်ချင်းကြီး မသိသာပါဘူး။ နေရောခြည်နဲ့ ထိတွေတဲ့အခါ အရေပြားဟာ မိနစ် ၃၀ ကြာမှ နီရဲလာတာပါ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ၂ နာရီကနေ ၆ နာရီလောက်ထိ ကြာပါတယ်။ ဒါပေမဲ့နာကျင်မှုက နေရောင်နဲ့ ထိတွေပြီး ၆နာရီကနေ ၄၈ နာရီအတွင်းမှာ သိသာပါတယ်။ ပြီးရင် ၃ ရက် ၈ ရက်လောက်နေရင် အရေပြားတွေကွာတတ်ပါတယ်။ တချို့ဆို တစ်ပတ်လောက်ထိကိုအရေပြားတွေကွာတယ် ယားတာတွေဖြစ်နေတတ်ပါတယ်။


နေရောင်ကထွက်တဲ့ သာမန် UV rays ဖျော့ဖျော့လေး ထိတာတောင် အသားအရေဟာအိုမင်းတာတွေကို မြန်မြန်ဖြစ်စေပါတယ်။ တခြားဘာတွေကို ထိခိုက်နိုင်လဲဆိုတာကိုတော့ သေသေချာချာ ရေရေရာရာမသိရသေးပါဘူး။ UVA နဲ့ထိတွေ့မှုကြာလျှင် ကင်ဆာစေကိုပါ ဖြစ်နိုင်ပါတယ်။


နေလောက်ဒဏ်တွေက နေရောင်ကမှ ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဂဟေဆော်တဲ့မီး၊ ပိုးသတ်ဆေးအချို့ ထိတွေ့ရင်လည်းဖြစ်နိုင်ပါတယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီ အတွင်းကနေရောင်ဟာ အပြင်းဆုံးပါ။ တိမ်တွေနဲ့ ကွယ်သွားရင်တောင်မှာ UV rays က တိမ်ကိုဖြတ်သွားနိုင်ပါတယ်။ ရေမှတစ်ဆင့်နေရောင်ပြန်တာ၊ သဲဖြူ၊ ကွန်ကရစ်၊ နှင်း၊ ရေခဲကနေရောင် ပြန်ဟပ်ရင်တောင် နေလောင်ဒဏ်ရာ ရနိုင်ပါတယ်။ ရာသီသုံးပါးမှာလဲ နေကအဆိုးဆုံးပါ။ ပြီးတော့ တောင်ပေါ်ဒေသတွေမှာ ပိုဆိုးပါတယ်။


နေရောင်ခြည်ကနေ UV ရောင်ခြည်ဘာလို့ပါဝင်တာတွေ များလဲဆိုတာကတော့ သိပြီးသာပါပဲ။ အိုဇုန်းလွှာက ပေါက်တာရယ် ပိုဆိုးလာတာရယ်တွေကြောင့်ပါ။ နေလောက်ဒဏ်ကို ကုဖို့က အချိန်လိုအပ်ပါတယ်။


၃။ ဘယ်လိုကုသမလဲ
နေလောင်ဒဏ်ရာ တော်တော်များများ သူ့အလိုလိုပျောက်သွားတတ်ပါ တယ်။ တစ်ပတ်ဆိုကျက်ပါတယ်။ အိမ်မှာကုလို့ရတဲ့ နေလောင်ဒဏ်ကို ရေခဲကပ်တာတို့၊ ရှားစောင်လက်ပတ်ပါတဲ့ သအငသည လိမ်းတာတို့၊ အဝတ်သန့်သန့်နဲ့ သုတ်ပေးတာတို့ လုပ်ပေးပါ။


ပြီးတော့ နေလောင်ဒဏ်တွေက နေပူထဲထွက်မှ အပြင်ထွက်မှဖြစ်တာ မဟုတ်ပါဘူးနော်။ အိမ်တွင်းမှာနေလဲ ဖြစ်ပါတယ်။ ပြတင်းပေါက်ကဝင်လာတဲ့ နေကြောင့်ပါ။ ဒါ့ကြောင့် အိမ်မှာနေရင် တောင်မှ SPF 30 လောက်ပါတာကို လိမ်းပေးထားပါ။ အပြင်ထွက်ရင်လဲ အပေါ်ထပ် အပါးလေး၊ ဦးထုပ်နဲ့နေကာမျက်မှန်၊ ထီးတွေကို ယူသွားဖို့လဲ
မမေ့ပါနဲ့။ မျက်စိကို UV ထိရင် မျက်စိပြသနာတွေကို ဖြစ်စေပါတယ်။


နေလောင်ဒဏ်ရာမဖြစ်အောင် အရေပြားမထိခိုက်အောင် ကာကွယ်ဖို့ အစားအသောက်တွေကလဲအဓိကပါဝင်ပါတယ်။ ဗီတာမင် စီ၊ အီး၊ အေပါတဲ့အစားအသောက်တွေကို အဓိကစားပေးရပါမယ်။ နေလောင်တာကိုကာကွယ်ဖို့ ကျွန်တော်တို့ အညာဒေသထွက်စစ်စစ်ဖြစ်တဲ့ သနပ်ခါးကို အားကိုးကြပါ။ သနပ်ခါးလိမ်းထားခြင်းဟာနေလောင်ခြင်းကို ၇၀ ရာနှုန်းကျော် ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေကဆိုပါတယ်။ တခြားနည်းလမ်းတွေကတော့ အတတ်နိုင်ဆုံးနေ ပူထဲမထွက်ခြင်း၊ ထွက်ရင်လည်း အကာအကွယ် ထီး၊ အင်္ကျီလက်ရှည် ဦးထုပ်တို့နဲ့ ထွက်ခြင်းများ ပဲဖြစ်ပါတယ်။ နေလောင်ခြင်းဟာ ပေါ့ပေါ့ဆဆမထားသင့်တဲ့ပြဿနာဖြစ်ပါတယ်။ နောက်အပတ် မှာတော့ အပူဒဏ်ကြောင့် သေဆုံးခြင်းတွေအကြောင်း ဆက်လက်ရှာဖွေတင်ပြသွားပါမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here