နောက်ဖေးလမ်းကျူးထားမှုများ ရှင်းပေးရန် စည်ပင်စာထုတ်

0
73

မုံရွာမြို့ အေးသာယာရပ်ကွက်တွင် နောက်ဖေးလမ်းကြားများ ကျူးကျော်ယူထားမှုကို ရှင်းပေးရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စာထုတ်ထားကြောင်း သတင်းရရှိသည်။

လက်ရှိဖယ်ရှားရှင်းလင်းရန် စာထုတ်ထားသည့် လမ်းသွယ်များမှာ အေးသာယာ ၁လမ်း၊ ၂လမ်းနှင့် ၃လမ်းများဖြစ်ပြီး ယနေ့တွင် အပြီးသတ်ရှင်းလင်းရမည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီက စာထုတ်ထားခြင်းဖြစ်ကြောင်း အေးသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အတည်ပြုပြောကြားသည် ။

မုံရွာမြို့နယ် စည်ပင်ကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက “ ကျူးထားသူအချင်းချင်းတိုင်လို့ စာထုတ်ရှင်းခိုင်းထားတာပါ။ သတ်မှတ်ရက်မှာ မရှင်းရင် ဥပဒေအတိုင်း အရေးယူသွားမှာပါ” ဟု ပြောသည်။

မုံရွာမြို့ပေါ် အခြားရပ်ကွက်များတွင်လည်း နောက်ဖေးလမ်းသွယ်များကို ကျူးကျော်၍ ခြံခတ်ကာယူထားသူများလည်း ရှိနေသေးကြောင်း ဦးကျော်မျိုးဝင်းက ဆိုသည်။

ယင်းကျူးကျော်များအား ရှင်းလင်းရန် စီမံချက်ဆွဲပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မုံရွာတွင် ကျူးကျော်များနှင့် ပတ်သက်ပြီး စည်ပင်အနေဖြင့် မကြာခဏ ရှင်းလင်းဆောင်ရွက် နေရသည်။ ဓာတ်ပုံ – မောင်လေးငယ်ငယ်

LEAVE A REPLY

Please enter your comment!
Please enter your name here