ပထမရစ် ၈ ရာခိုင်နှုန်းသွင်းရုံဖြင့် KIA ကား အပိုင် ဝယ်နိုင်မည်

0
74

ကိုရီးယားနိုင်ငံ KIA ကုမ္ပဏီ ထုတ်ကားများကို မုံရွာအရောင်းပြခန်းတွင် ကားတန်ဖိုး၏ ၈ ရာခိုင်နှုန်း စတင် သွင်းရုံဖြင့် အရစ်ကျဝယ်ယူနိုင်ပြီဖြစ်ကြောင်း KIA Monywa အရောင်းပြခန်း မှ ဒါရိုက်တာ ကိုကောင်းစုဖြိုးက ပြောသည်။

” တကယ်တော့ဘဏ်ကို ၁၀ ရာခိုင်နှုန်းသွင်းရတာ၊ဝယ်တဲ့သူတွေအဆင်ပြေအောင် ၈ ရာခိုင်နှုန်းပဲ ကောက်ပြီး ၂ ရာခိုင်နှုန်း စိုက်ပြီး ဘဏ်ကိုသွင်းပေးပါတယ် ” ဟု ကိုကောင်းစုဖြိုး ဆိုသည်။

KIA ကားအမျိုးအစားများအနေဖြင့် ကျပ်သိန်း ၃၀၀ ဝန်းကျင်မှ ကျပ်သိန်း ၁၀၀၀ ကျော် တန် အထိရှိပြီး အရစ်ကျဝယ်ယူရာတွင် အချိန်ကာလ အများဆုံး ၇ နှစ် အထိ သတ်မှတ်ထားသည်။

လက်ငင်းငွေချေ ဝယ်ယူသူများအတွက်လည်း ကားအမျိုးအစားအလိုက် အမေရိကန် ဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ကျပ် ၁၅ သိန်း) ဝန်းကျင် မှ ဒေါ်လာ ၃၅၀၀ (ကျပ် သိန်း ၅၀) ဝန်းကျင် အထိ လျှော့ချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

KIA ကုမ္ပဏီ အနေဖြင့် ကားအမျိုး အစားအားလုံးအတွက် ၇ နှစ် အာမခံ ပေးသွားမည်ဟု လည်း ဆိုသည်။

KIA Monywa အရောင်းပြခန်းကို ယနေ့ (ဇန်နဝါရီ ၁၁ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လာရောက်ဝယ်ယူသူများကို ဖုန်း၊လက်တေ့ာပ်၊တီဗီ များ အပါအဝင် ပရိုမိုးရှင်းများစွာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Image may contain: one or more people and outdoor
KIA Monywa အရောင်းပြခန်းကို ယနေ့ (ဇန်နဝါရီ ၁၁ရက်) တွင် စတင်ဖွင့်လှစ်သည်။ ဓာတ်ပုံ – အိဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here