ပုလဲမြို့ထားမည့် ဗိုလ်ချုပ်ကြေးရုပ် သယ်ရာလမ်း လူ ၁ သောင်းကျော် ကြိုဆို အလေးပြု

0
68

ကြေးပိသာချိန် ၃၀ဝ ရှိပြီး အမြင့် ၉ ပေရှိသည့် ဗိုလ်ချုပ်ရုပ်ထုကို မုံရွာမြို့မှ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ပုလဲမြို့သို့ သယ်ဆောင်လာရာ လမ်းတစ်လျှောက် ကျေးရွာများမှ လူပေါင်း ၁ သောင်းကျော်ကြိုဆို ခဲ့ကြသည်။

ယင်းမာပင် ခရိုင်အတွင်း ပထမဆုံးထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်အား သယ်ဆောင်ရာတွင် ဆားလင်းကြီး၊ယင်းမာပင်၊ ပုလဲမြို့နယ်များမှ ကျေးရွာများမှ ဒေသခံများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ ကကြိုဆို အလေးပြုကြခြင်းဖြစ်သည်။

“အရင်က အာဇာနည်နေ့ အခမ်းအနားတွေ၊လွတ်လပ်ရေး အခမ်းအနားတွေ ကျင်းပဖို့က နေရာတော်တော် အခက်အခဲဖြစ်ခဲ့တယ်။အခု နိုင်ငံတော်က ချပေးခဲ့တဲ့ မြေနေရာမှာ ဗိုလ်ချုပ်ပန်းခြံဆောက်မယ်။အဲဒီမှာအခု ဗိုလ်ချုပ်ကြေးရုပ် ထားသွားမယ်။ “ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဗိုလ်ချုပ်ပန်းခြံမှာ တည်ဆောက်ဆဲ ဖြစ်သဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ယာယီ ထားရှိသည်။

“နောင်တချိန်မှာ မျိူးဆက်သစ်ကလေးတွေ အခမ်းအနားရှိလို့ ဗိုလ်ချူပ်ကြေးရုပ်ကို အလေးပြုတိုင်း အတုယူလေးစားစေဖို့ ရည်ရွယ်ပါတယ်”ဟု ပုလဲမြို့နယ် မဲဆန္ဒနယ်၁မှ ကိုယ်စားလှယ် ဦးဇော်ထက်ကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများ၏ ထည့်ဝင်ငွေများဖြင့် ထုလုပ်ခြင်းဖြစ်သည်။

ပုလဲမြို့နယ်သည် ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲ သုံးခုစလုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အောင်နိုင်ခဲ့သည်။

Image may contain: one or more people, tree, crowd and outdoor
ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်မှ ကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများထည့်ဝင်ငွေဖြင့် ထုလုပ်ခြင်းဖြစ်သည်။ ဓတ်ပုံ- အိအိမွန်
Image may contain: 2 people, people standing and outdoor

Image may contain: 1 person, crowd, tree, sky and outdoor
ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်မှ ကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများထည့်ဝင်ငွေဖြင့် ထုလုပ်ခြင်းဖြစ်သည်။ ဓတ်ပုံ- အိအိမွန်
Image may contain: one or more people, crowd and outdoor

Image may contain: 1 person, smiling, standing and outdoor
ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်မှ ကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများထည့်ဝင်ငွေဖြင့် ထုလုပ်ခြင်းဖြစ်သည်။ ဓတ်ပုံ- အိအိမွန်
Image may contain: 3 people, people standing and outdoor
ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်မှ ကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများထည့်ဝင်ငွေဖြင့် ထုလုပ်ခြင်းဖြစ်သည်။ ဓတ်ပုံ- အိအိမွန်
Image may contain: 2 people, people standing and outdoor
ဗိုလ်ချုပ်ကြေးရုပ်အတွက် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်မှ ကျပ် သိန်း ၂၀ဝ မတည်ပြီး ဒေသခံများထည့်ဝင်ငွေဖြင့် ထုလုပ်ခြင်းဖြစ်သည်။ ဓတ်ပုံ- အိအိမွန်

LEAVE A REPLY

Please enter your comment!
Please enter your name here