ပြုတ်ကျဓာတ်ကြိုးထိမိ၍ မိသားစုသုံးဦး ဓာတ်လိုက်သေဆုံး

0
2129

မောင်စိန်ချို
ကန့်ဘလူ၊ ဇူလိုင်- ၁၀

ကန့်ဘလူမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသက်လေပြင်း တိုက်ခတ်ပြီး ပြုတ်ကျနေသောဓာတ်ကြိုးအား ထိမိပြီး ဆိုင်ကယ်စီးလာသော မိသားစု ၃ ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

၄င်းတို့သည် ကန့်ဘလူ အမှတ်(၃)ရပ်ကွက် နေသူများဖြစ်ပြီး လယ်ယာတောမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တပင်ရွှေထီးလမ်း၊ (ရွှေတောင်ဦးကျောင်းသို့) ဆိုင်းဘုတ်အနီး မာဃလမ်းခွဲတွင် ပြုတ်ကျနေသော ဓာတ်ကြိုးအား ထိမိ၍ သေဆုံးခြင်းဖြစ်သည်။

“လယ်တောက ဆိုင်ကယ်စီးပြီး ပြန်လာကြတာ။ အိမ်ဘက်ကို ဝင်တဲ့လမ်းအကွေ့မှာ ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကို သွားတိုက်မိပြီး ထိမိကုန်တာနေမှာ” ဟု ကန့်ဘလူ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။

သေဆုံးသူများမှာ ဆိုင်ကယ်မောင်းသော အသက် ၄၀ အရွယ် ဖခင်နှင့် နောက်မှ ထိုင်လိုက်လာသော ဇနီးနှင့် ၈ နှစ်အရွယ် သမီးငယ်တို့ဖြစ်သည်။

၄င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းတွင် သေမှုသေခင်း ၉/၂၀၂၀ဖြင့် ရေးဖွင့် စစ်ဆေးနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here