မင်းကွန်းယဉ်ကျေးမှုနယ်မြေထုတ် လက်ရေးပန်းချီ Mask များ ဈေးကွက်ရနေ

0
1108

အောင်မြင့်မြင့်
စစ်ကိုင်း၊ ဇွန်-၂၉

စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုနယ်မြေ ဈေးဆိပ်ရပ်မှ လက်ရေးပန်းချီ ခြယ်ထားသည့် နှာခေါင်းစည်း Mask များ မှာယူသူများနေသည်။

လက်ရေးပန်းချီဆွဲသူများသည် COVID-19 ကာလ စားဝတ်နေရေးအဆင်ပြေရန် နှာခေါင်းစည်းချုပ်လုပ်၍ ဆေးပန်းချီခြယ်ကာ အွန်လိုင်းမှတဆင့် တင်၍ ရောင်းချရာ လူကြိုက်များလာခဲ့ခြင်းဖြစ်သည်။

” ကျွန်တော့်တပည့်က မင်္ဂလာဝတ်စုံချုပ်တာပါ။ ကိုဗစ်ကြောင့် လုပ်ငန်းရပ်ထားရတော့ ဝင်ငွေမရှိဖြစ်နေလို့ ရှိတဲ့အစပိုတွေကို Mask ချုပ်တယ်။ ပြီးတော့ လူကြိုက်များအောင်ဆိုပြီး ဆေးရေးပန်းချီ ရေးလိုက်တယ်။ ဒီလိုလုပ်လိုက်တော့ တချို့က မျက်နှာမှာမတပ်ဘဲ ကိုဗစ်ကြီး အမှတ်တရအဖြစ် နံရံမှာပဲ ချိတ်ထားချင်စရာဖြစ်သွားပြီး မှာကြတာ “ဟု Mingun Art Gallery မှ ပန်းချီကိုစုက ပြောသည်။

လက်ရေးပန်းချီ Mask များကို ပန်းမျိုးစုံ၊ ဝါးပန်းချီ၊ ငှက်ရုပ်၊ လိပ်ပြာစသည်တို့ ရေး၍ ခုရေ ၅၀ နှင့်အထက် မှာယူသူများကို ပို့ဆောင်ပေးနေသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here