မိုးကြိုးထိမှန်၍ ရွှေမျောလုပ်သားတစ်ဦး သေဆုံး

0
2049

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ သြဂုတ် -၃

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်​၊ ယက်ဖကျေးရွာ၌ သြဂုတ် ၂ ရက်နေ့က မိုးကြိုးပစ်မှုကြောင့် “ဆုလဒ်ထက်သာ” ရွှေတူးဖော်ရေးလုပ်ကွက် တဲအတွင်းရှိ မျောလုပ်သားများ ထိမှန်ခဲ့သည်။

မိုးကြိုးကြောင့် မျောလုပ်သား တင်လင်းဇော် (၂၅) နှစ်မှာ သေဆုံးပြီး အောင်သူထက် (၁၈)နှစ်မှာ ဒဏ်ရာဖြင့် ဟုမ္မလင်းဆေးရုံတွင် ကုသမှု ခံယူနေရသည်။

“အဲ့ဒီနေ့က မိုးလည်းတစ်စက်မှမရွာပါဘူး။ မျောသားတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါး ထိခိုက်မှုလေးပါပဲ။ သူတို့နှစ်ယောက်က လျှပ်စစ်မီးကြိုးအောက်ရှိနေချိန် မိုးကြိုးနဲ့ကြုံတာ” ဟု ယက်ဖကျေးရွာ ဥက္ကဌ ဦးလက်ယာဂျွန်က ပြောသည်။

၎င်း အခင်းဖြစ်ပွားရာနေရာနှင့် ယက်ဖကျေးရွာသည် ၂ မိုင်ခန့် ကွာဝေးကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here