မိုးရွာသွန်းမှုကြောင့် ကောလင်းတွင် ရေကြီး

0
1562

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင်-၃

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ရပ်ကွက်အချို့ ရေဝင်နေပြီး မြို့အဝင်အထွက်လမ်းများ ရေကျော်နေကြောင်း ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသော မြို့နယ်မီးသတ်ဌာနထံမှ သတင်းရရှိသည်။

ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်တွင် ကောလင်း-ဝန်းသိုသွားလမ်းနှင့် ကောလင်း-ဥက္ကံသွားလမ်း ရေကျော်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“မိုးက တော်တော်များတယ်။ ဝန်းသိုဘက်က ပိုများတယ်ထင်တယ်။ အဲဒါကြောင့် ဒီနေ့ ၁၁ နာရီခွဲလောက်မှာ ရေက ဒီဘက်ကို အလုံးအရင်းနဲ့ ရောက်လာတာ။ ခုတော့ ရေက ထပ်မတိုးတော့ဘူး။ လျော့လဲ မလျော့သွားသေးဘူး”ဟု ကောလင်းမြို့ မီးသတ်ဌာန ဒုဦးစီးမှူး ကိုကျော်သေးက ပြောသည်။

မြို့အဝင်လမ်းများနှင့် မြို့တွင်းရပ်ကွက်အချို့ ရေများဝင်ရောက်နေပြီး ပြည်သူများ အသက်အန္တရာယ်မရှိစေရန် မီးသတ်တပ်ဖွဲ့မှ ၃ ဖွဲ့ခွဲ၍ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here