မုံရွာဆေးရုံတွင် သေဆုံးခဲ့သော တရုတ်ပြန်လူနာ COVID-19 ပိုးမတွေ့

0
3455

အိဖြိုး
မုံရွာ၊ ဇွန်-၂၇

မုံရွာမြို့ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူစဉ် သေဆုံးခဲ့သော တရုတ်နိုင်ငံပြန် လူနာတွင် COVID-19 ရောဂါပိုးမတွေ့ခဲ့ဟု တိုင်း COVID-19 အရေးပေါ်ထိန်းချုပ်ကုသရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်ထွန်းအောင်က အတည်ပြုသည်။

သေဆုံးသူ အသက်၂၀ အရွယ် အမျိုးသားမှာ တရုတ်နိုင်ငံမှ ပြန်လာပြီး ၎င်း၏နေရပ် ဘုတလင်မြို့တွင် အသွားအလာကန့်သတ် Facility Quarantine ၂၁ ရက် ဝင်ရောက်ခဲ့သည်။

ထိုစဉ်က နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးစဉ် COVID-19 မတွေ့ခဲ့ဘဲ ရွာမွန်ရွာ နေအိမ်၌ Home Quarantine ဆက်လက်နေထိုင်စဉ် ဖျားနာသဖြင့် ဇွန်လ ၂၄ ရက်က မုံရွာဆေးရုံသို့ လာရောက်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။

“သေတဲ့သူကို Swab ယူပြီးစစ်တော့ ပိုးမတွေ့ရဘူးလို့ မနေ့ညက အဖြေထွက်ပါတယ်”ဟု ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောသည်။

သေဆုံးလူနာသည် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း မုံရွာဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၂၅ ရက် ညနေ ၃ နာရီ ဝန်းကျင်အချိန်က သေဆုံးခြင်းဖြစ်ပြီး ၎င်း၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် Swab နမူနာကို ဓာတ်ခွဲမှုဌာနသို့ ပို့ဆောင်ခဲ့ရာ ယမန်နေ့ညက ပိုးမတွေ့ဟု အဖြေထွက်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here