မုံရွာမိဘမဲ့ဂေဟာမှ ကျောင်းသား ၉ဦး အစာအဆိပ်သင့်၍ ဆေးရုံတင်ထားရ

0
80

မုံရွာမြို့ သလ္လာရပ်ကွက်ရှိ မိဘမဲ့ဂေဟာ ဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသားငယ် ၉ ဦးသည် အစာအဆိပ်သင့်၍ အိုးဘိုတောင်ရပ်ကွက်ရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကလေးဆေးရုံသို့ တက်ရောက်ကုသနေရသည်။

ကလေးငယ်များသည် အသက် ၁၀ နှစ်ပတ်ဝန်းကျင် ကျောင်းသားငယ်လေးများဖြစ်သည်။

ယခုကဲ့သို့ဖြစ်ရခြင်းသည် ပုပ်သိုးနေသည့် ကြက်သားများကို ပြန်ကြော်ကျွေးသည့်အတွက် ဖြစ်ရခြင်းဖြစ်သည်ဟု အဆိုပါ မိဘမဲ့ဂေဟာမှ ကျောင်းသားကြီးများကဆိုသည်။

’’ကြက်သားတွေကို ရှိရင်ရှိသလောက်ချမကျွေးဘူး။ ကြောင်အိမ်ထဲမှာပဲထားတယ်။ နောက်ပိုင်း ချကျွေးတော့ သိုးနေပြီ။ နံနေပြီ။ အဲဒီနံနေတဲ့ဟာကိုလည်း သွန်မပစ်ဘူး။ ပြန်ပြီးကြော်တယ်။ အဲဒါတွေကို ကျွေးတယ်။ တစ်ခါတစ်လေကျရင် အရည်တွေပါထွက်လို့’’ဟု မိဘမဲ့ဂေဟာမှ အသက် ၁၆ နှစ်ခန့်အရွယ် ကျောင်းသားကြီး
တစ်ယောက်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါဂေဟာမှ ကျောင်းဆရာတစ်ဦးအား
ဆေးရုံတွင် မေးမြန်းရာ သူကယခုလိုဆိုသည်။

’’ဟုတ်ပါတယ်။ မိဘမဲ့ဂေဟာကပါ။ ကျွန်တော်က အဒီကကျောင်းဆရာပါ။ ကျုပ်တို့လည်း ဘာလုပ်ရမှန်မသိတော့ဘူး။
ကလေးနှစ်ယောက်ဆို သေမလိုတောင်ဖြစ်တယ်’’ဟု ပြောသည်။

ကျောင်းဆရာအား ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်လက်မေးမြန်းရာတွင် သူဖြေဆို၍ မသင့်ကြောင်းပြောသည်။

’’ဘာကြောင့်ဖြစ်တယ်ဆိုတာ ခင်ဗျားက တကယ်ရေးမှာလား။ ရေးမှာဆိုရင် ကျွန်တော်ကျောင်းသားတွေကို ခေါ်ပေးမယ်။ ကျွန်တော်ကကျ ဖြေလို့မကောင်းဘူး’’ဟု ၎င်းကဆက်ပြောသည်။

အစာစားသောက်ချိန်သည် ဧပြီလ ၂၄ရက် ညနေ ၅ နာရီကဖြစ်ပြီး စားသောက်ပြီး တစ်နာရီကျော်အကြာတွင် ကလေးများ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်ကာ အရေးအပေါ်အခြေအနေဖြင့် ကလေးဆေးရုံးသို့ ယခုကဲ့သို့ အမြန်ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။

” ဧပြီ၂၄ရက် နေ့လည်ပိုင်းမှာအလှူတစ်ခုကပို့လာတဲ့ပဲဒံပေါက်
ကြက်သား သရက်ချဉ်ကိုစားတဲ့ ကျောင်းသား ၇၇ ယောက်ရှိပါ
တယ် ၉ ယောက်အော့အန်ခြင်းဖြစ်ပါတယ် ၂ ယောက်ပြင်ထန်ပြီး ကျန်ကလေးများသာမန်သာဖြစ်ကြပါတယ်ဖြစ်ဖြစ်ခြင်း ကလေးဆေးရုံပို့ပြီး ကုသမှုပြုလုပ်ခဲ့တာ အားလုံးကျန်းမာရေးကောင်းကြ
ပါတယ်” သလ္လာပရဟိတလူငယ်ဖွံ့ဖြိုးရေးစင်တာမှ ကော်မတီ
အဖွဲ့ ဝင်လူကြီးတစ်ဦးကပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here