မုံရွာမြို့နယ်မဲစာရင်း မှတ်ပုံတင်နံပါတ်မပါသူ နှစ်သောင်းကျော်ရှိ

0
2561

အိဖြိုး
မုံရွာ၊ ဩဂုတ်-၈

လက္ရှိထုတ်ပြန်ထားသည့် မုံရွာမြို့နယ်မဲစာရင်းတွင် မှတ်ပုံတင်နံပါတ်မပါသူ နှစ်သောင်းကျော်ရှိနေကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ယင်းအခြေအနေအား မြို့နယ် လဝကအနေဖြင့် စစ်ဆေးထားပြီး ဖြစ်သည်ဟု ဆိုသည်။

အခြေခံမဲစာရင်းကောက်ယူရာတွင် အချို့မှာ မှတ်ပုံတင်နံပါတ်မမှတ်မိသောကြောင့် လူအမည်သာ ကောက်ယူ၍ ရခြင်း၊ ပျောက်ဆုံးခြင်းတို့ရှိနေသည်ဟု သိရသည်။ ယခုစာရင်းတွင် အမှန်တကယ် မှတ်ပုံတင်မရှိသူမှာ ၁၅၀၀ ခန့်သာ ရှိကြောင်း မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဦးကြည်ထက်အောင်က ပြောသည်။

“မြို့နယ်လဝက က ကွင်းဆင်းကြည့်တဲ့အခါမှာတော့ လိုအပ်တဲ့ ၁၅၀၀ ကို လုပ်ပေးပြီးတာနဲ့ မုံရွာမြို့မှာရှိတဲ့ မဲဆန္ဒရှင်တွေမှာ မှတ်ပုံတင်မရှိတဲ့သူ မရှိစေရဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

မဲစာရင်းများတွင် မှတ်ပုံတင်နံပါတ်များ ကျန်ရှိနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးအတွင်းဝန် ဦးဇော်သန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အတွင်းဝန်၊ ရွေးကောက်ပွဲကော်မရှင်ရုံး ဒုညွှန်ချုပ်တို့က မုံရွာမြို့သို့ ယနေ့ လာရောက်၍ ညှိနှိုင်းဆောင်ရွက်​ကြောင်း သိရသည်။

အထွေထွေအုပ်ချူပ်ရေးမှူး၊ ရွေးကောက်ပွဲကော်မရှင်နှင့် လဝကတို့ ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည်များကိုလည်း ဆွေးနွေးခဲ့သည်။

“နိုင်ငံသားစိစစ်ရေးကတ်ပြားက မရှိတဲ့လူ မဟုတ်ဘူး။ ကောက်သွားတုန်းက ရှိကောက်နဲ့ ကောက်တာဆိုတော့ တချို့ကျတော့ မေ့ပြီး မပြောနိုင်တာရှိတယ်။နောက်ပြီးတော့ လူမရှိတော့ နာမည်တော့ထည့်ထားပြီး သွားမေးတော့ ကာယကံရှင်လာမှ မေးပြီ းပြန်ထည့်ရမယ်တို့ပေါ့။ ဘုန်းကြီးဝတ်သွားတဲ့သူတို့ သီလရှင်ဝတ်သွားတဲ့သူတို့ ရှိတယ်။ ခွဲခြမ်းစိတ်ဖြာပေးရမယ်ပေါ့”ဟု စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောသည်။

ကော်မရှင်အနေဖြင့် လူအင်အားအခက်အခဲ၊ ကွန်ပြူတာဖြင့် စာရင်းပြုစုသူ နည်းနေခြင်းများ ရှိသည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မုံရွာမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းခုနစ်သောင်းကျော်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here