မုံရွာရေလမ်းကြောင်းကောင်းမွန်ရေး သန်း ၁၅၀ သုံး သောင်တူးမည်

0
65
ချင်းတွင်းမြစ် ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်နေရသည်။ ဓာတ်ပုံ – အိအိဖြိုး

ချင်းတွင်းမြစ်ကြောင်း မုံရွာရေ လမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်း အတွက် သောင်တူးခြင်းလုပ်ငန်းကို သန်း ၁၅၀ သုံးစွဲသွားမည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဌာနမှ သတင်းရရှိသည်။

အလုံတံတားနှင့် ဆိပ်ကမ်းကြား တွင် ရေကြောင်းကျဉ်းသဖြင့် ရေလမ်း ကြောင်းကောင်းမွန်ရန် ပြုလုပ်ခြင်း ဖြစ်သည်။

ရေလမ်းကြောင်းအနေအထားအရ သောင်တူးခြင်းကို နှစ်စဉ်ပြုလုပ်ရပြီး ဘတ်ဂျတ်နည်းသဖြင့် မအောင်မြင်ခဲ့၍ ထပ်မံတူးရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းသို့ ကုန်စည်နှင့် ခရီးသည်များ အဓိက တင်ပို့ရာ ဆိပ်ကမ်းဖြစ်သော မုံရွာရေလမ်းကြောင်း ကောင်းမွန်ရေး လိုအပ် သည့် ရန်ပုံငွေကို ပြည်ထောင်စု အစိုးရထံ နှစ်စဉ် တောင်းခံပြုပြင်ရသည်။

“တိုင်းအစိုးရက ရန်ပုံငွေတင်ပြရတာ လွယ်ကူတယ်။ ပြည်ထောင်စုရန်ပုံ ငွေကြ တစ်နိုင်ငံလုံး ခွဲသုံးရတာဆိုတော့ ခက်ခဲတယ်”ဟု တိုင်းရေမြစ်ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အတွက် တိုင်းဒေသကြီးအစိုးရထံ တင်ပြတောင်းခံရပြီး ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေလွှဲရေကာများ အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရခြင်းဖြစ်သည်။

မြစ်အထက်ပိုင်းတွင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ သစ်တော များပျက်စီးခြင်းနှင့် ရေလမ်းကြောင်း ကောင်းရန် အစအဆုံး စနစ်တကျမ ထိန်းချုပ်နိုင်သဖြင့် ရေလမ်းကြောင်း ပျက်စီးရခြင်းဖြစ်သည်ဟု ရေမြစ်ဖြိုး က ဆိုသည်။

ချင်းတွင်းတံတား(မုံရွာ)၏ အောက် ပိုင်းကို မုံရွာရေလမ်းကြောင်းဟု သတ် မှတ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here