မုံရွာရှိ တည်းခိုဆောင်တစ်ခုတွင် ပညာရေးဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေ

0
11595

ကိုအောင်ကြီး
မုံရွာ၊ ဩဂုတ်-၁၂

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆) ကျောက္ကာလမ်းနှင့် စည်သူလမ်းထောင့်ရှိ ဝန်ထမ်းများ တည်းခိုဆောင်တွင် ပညာရေးဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဩဂုတ် ၁၁ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူ အသက်၂၇ နှစ်အရွယ် အမျိုးသားမှာ ကလေးမြို့ နတ်မြောင်ရွာမှ ဖြစ်ပြီး ကလေးမြို့နယ် ပညာရေးမှူးရုံးတွင် စာရေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

“မုံရွာကို ရုံးကိစ္စနဲ့လာတိုင်း အဲဒီတည်းခိုဆောင်မှာ တည်းနေကျ။ လုပ်တာ နှစ်ချီနေပြီလို့ သိရတယ်။ ပိုင်ရှင်တွေနဲ့လည်း မိသားစုလိုဖြစ်နေတာ၊ ဘာအကြောင်းအထွေအထူးတော့ မတွေ့ရဘူး။ အရက် အလွန်အကျွံသောက်တာပဲ ရှိတယ်။ နေရပ် ပြန်သယ်မယ်လို့ သူ့မိသားစုက ပြောတယ်”ဟု ၎င်းအမှုအား စစ်ဆေးသည့် နယ်မြေရဲစခန်းမှူး ရဲအုပ် ခင်သန်းက ပြောသည်။

တည်းခိုဆောင် အခန်းရှိ အမြင့် ၉ ပေရှိသော ထုပ်တန်းတွင် ဝါယာကြိုးအား လည်ပင်းရစ်ပတ်ချည်နှောင်ပြီး ဒူးထောက်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရသည်ဟု စခန်းမှူးက ပြောသည်။

ယင်းဖြစ်စဉ်အား သေမှုသေခင်း ၁၆/၂၀၂၀ ဖြင့် အမှုဖွင့်၍ ဆက်လက် စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here