မူးယစ်မှုဖြင့် ထောင်လွတ်လာသူနှစ်ဦး မူးယစ်ဆေးများနှင့် ပြန်ဖမ်းမိ

0
1746

မောင်စိန်ချို
ပင်လည်ဘူး၊ ဇူလိုင်-၈

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် မူးယစ်မှုဖြင့် ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ နှစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ယနေ့နံနက်အစောပိုင်းက ဖမ်းမိသည်။

ကောလင်းမြို့နယ် လာကာရွာအနီး မူးယစ်ဆေးရောင်းဝယ်နေသည့်သတင်းအရ ချောင်းနားရဲကင်းစခန်းရဲတပ်ဖွဲ့၊ လာကာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရွှေလင်းယုန် (မူး/တား)အဖွဲ့တို့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ငါတို့အဖွဲ့ကို မြင်တာနဲ့ ပစ္စည်းကို လွှင့်ပစ်လိုက်တာ။ အိမ်သာကျင်းထဲကျလို့ ရေးဆေးပြီးပြန်ယူနေရတာ”ဟု ကောလင်းအနောက်ခြမ်း ရွှေလင်းယုန်(မူး/တား)အဖွဲ့ခေါင်းဆောင် ကိုမောင်တင့်က ပြောသည်။

လာကာရွာနေ ၄၉ နှစ်ရှိ အမျိုးသမီးနှင့် အိုင်တိုင်ပုံရွာနေ ၄၃ နှစ်ရှိ အမျိုးသားတစ်ဦးတို့အား မူးယစ်ဆေးဝါးဟု ယူဆရသော ဖြူဝါရောစပ်ထည့်ထားသည့် ဖန်ပုလင်းငယ်တစ်လုံး (ဝ•၆) ဂရမ်ပါတို့ကို လာကာကျေးရွာ – ဝဲလာကျေးရွာမြို့နယ်ကူးသွားလမ်းတွင် မိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျပြီး ယခုနှစ်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ကြသူများဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here