မြန်မာနိုင်ငံသျှမ်းနီဒေသလုံးဆိုင်ရာ နှစ်သစ်ကူးပွဲတော် ဗန်းမောက်တွင် ကျင်းပ

0
71

မြန်မာနိုင်ငံ သျှမ်းနီဒေသလုံးဆိုင်ရာ သျှမ်းနီတိုင်းရင်းသားများ၏ သျှမ်းနှစ်(၂၁၁၄)နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းဒသေကြီး ဗန်းမောက်မြို့အထကကွင်းတွင်ကျင်းပနေသည်။ နှစ်သစ်ကူးပွဲတွင် သျှမ်းနီနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ဦးစီးဗန်းမောက်မြို့ မြို့မကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ၊စစ်ကိုင်းတိုင်းဒေ​သကြီးအစိုးရအဖွဲ့ ရှမ်းတိုင်ရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ ဗန်းမောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ တိုင်းရင်းသားစာပနှေင့်ယဉ်ကျေးမှုဦးစီဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိူင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

“သျှမ်းနီတိုင်းရင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလူငယ်လူရွယ်တွေ လက်ဆင့်ကမ်းတဲ့ပွဲပါ။ အစဉ်အဆက်ထိမ်းသိမ်းစေဖို့ ၊ သျှမ်းနီအမျိုးများနှစ်သစ်မှာအချင်းခင်းတွေ့ဆုံခွင့်ရတဲ့ပွဲပါ ” ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့် ကပြောသည်။

ယခုနှစ်ကျင်းပသည့် မြန်မာနိုင်ငံသျှမ်းနီဒေသလုံးဆိုင်ရာ သျှမ်းနီတိုင်းရင်းသားများ၏နှစ်သစ်ကူးပွဲတော်မှာ ပဉ္စမအကြိမ်မြောက်ဖြစ်သည်။ သျှမ်းနီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်များကို ၂၀၁၅ခုနှစ်မှစတင်ကျင်းပခဲ့ရာ မိုးကောင်းမြို့နယ် သိုက်ဝါးကုန်းကျေးရွာ၊မိုးညှင်းမြို့၊ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာ နှင့် ဗန်းမောက်မြို့များမှာ နှစ်အလိုက်ကျင်းပခဲ့ပြီး ယခုနှစ်ပဉ္စမအကြိမ် နှစ်သစ်ကူးပွဲတော်ကို ဗန်းမောက်မြို့မှာထပ်မံကျင်းပခြင်းဖြစ်သည်။ ပွဲတော် ရိုးရာအကတေးဂီတဖျော်ဖြေပွဲများဖြင့် ဒီဇင်ဘာ ၂၇ရက်နေ့အထိကျင်းပခြင်းဖြစ်သည်။ ပွဲတော်တွင် မုံရွာ၊လားရှိုး၊ ဟုမ္ပလင်း၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ပင်လယ်ဘူး၊ ဝန်းသို၊ ဖားကန့် စသောမြို့နယ်ပေါင်း ၂၀ကျော်မှ သျှမ်းနီတိုင်းရင်းသားများနှင့် ရိုးရာယဉ်ကျေးမှုဖျော်ဖြရေေးအဖွဲ့ ၆၀ ခန့်တက်ရောက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here