လမ်းကျူး ဈေးဆိုင်များ ရှင်းသော်လည်း စည်ပင်ပြန်သွားလျင် ပြန်ခင်း

0
69

မုံရွာမြို့ရှိ ဈေးကြီးများတွင် သတ်မှတ်နေရာထက်ကျော်၍ လမ်းနယ်အထိ ကျူးခင်းသော ဈေးဆိုင်များအား စည်ပင်မှ မကြာခဏ ရှင်းနေသည်။

” အများပြည်သူ သွားလာနေတဲ့ လမ်းပေါ် ခင်းတော့ ယာဉ်လမ်းပိတ်ဆို့မှုဖြစ်တယ်။ အဲဒါကြောင့် ရှင်းရတာ”ဟု မုံရွာစည်ပင်သာယာရေးဌာန၏ ဈေးအရာရှိ ဦးသော်သော်က ပြောသည်။

လူသွားလမ်းပေါ်ထိ ကျူးခင်းပြီးရောင်းချနေသည့် ဆိုင်ခန်း၊လမ်းဘေး ဈေးသည်များမှာ စည်ပင်မှ ဝန်ထမ်းများ ရှင်းလင်းရေး လုပ်ပြီး ပြန်သွားလျှင်နဂိုအတိုင်းသာ ပြန်လည်ခင်းကျင်း ရောင်းချဆဲဖြစ်သည်။

” တခြားသူတွေ ရှေ့တိုးခင်းလို့မှ ကိုယ်မခင်းရင် ကိုယ့်ဆိုင်ကို လူမမြင်တော့ဘူးလေ။အကုန်လုံး တန်းတူ ဘယ်နှစ်ပေထိပဲ ဆိုရင်တော့ အဆင်ပြေပါတယ်။ကိုယ်ခင်းမထားရင် ကိုယ့်ဆိုင်ရှေ့မှာ ဆိုင်ကယ်စတန်းကျနေတာပဲ၊ ဆိုင်ကယ်၊ ဆိုက်တွဲ တွေ လာရပ်သွားတာ “ဟု ချင်းတွင်းရတနာဈေးမှ ဆိုင်ခန်းရှင် တစ်ဦးက ပြောသည်။

ဈေးသူဈေးသူများ စည်းကမ်းမရှိကြခြင်းနှင့် စည်ပင်သာယာရေး ဌာနမှလည်း ဥပဒေအတိုင်း ပီပီပြင်ပြင် အရေးမယူခြင်းကြောင့် မကြာခဏ ရှင်းလင်းရေးများ ပြုလုပ်သော်လည်း မထိရောက်ကြောင်း ချင်းတွင်းရတနာ ဈေးအကျိုးတော်ဆောင် တစ်ဦးက ဆိုသည်။

မုံရွာသည် မြို့ကြီးဖြစ်သဖြင့် မြို့တော်အဆင့် ဝန်ထမ်းအင်အားရရှိပါက ဈေးအတွင်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်အောင် လုပ်ဆောင်နိုင်မည်ဟု ဈေးအရာရှိ ဦးသော်သော် ကပြောသည်။

Image may contain: 1 person, standing, walking and outdoor
မုံရွာမြို့တွင် လမ်းပေါ်ကျူးကျော်ဖွင့်လှစ်သည့် ဆိုင်များကို အကြိမ်ကြိမ် ရှင်းလင်းနေရသည်။ ဓာတ်ပုံ – အိအိမွန်
Image may contain: 1 person, walking and outdoor
မုံရွာမြို့တွင် လမ်းပေါ်ကျူးကျော်ဖွင့်လှစ်သည့် ဆိုင်များကို အကြိမ်ကြိမ် ရှင်းလင်းနေရသည်။ ဓာတ်ပုံ – အိအိမွန်

LEAVE A REPLY

Please enter your comment!
Please enter your name here