လေရှီးမြို့တွင်း လမ်းပြို၍ လမ်းဘေးနေအိမ်များ စိုးရိမ်

0
991

နွမ်းနွမ်း
နန်းယွန်း၊ ဇူလိုင်-၁၁

နာဂဒေသ လေရှီးမြို့တွင်း လမ်းအချို့မြေပြို၍ လမ်းဘေးနေအိမ်များ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့တွင်းလမ်းနှင့် မြို့ပတ်လမ်းများ ချဲ့လိုက်ပြီးနောက် အဆက်မပြတ် မိုးရွာသွန်းမှုတို့ကြောင့် မြေများ ပြိုကျခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးလာပဲက ပြောသည်။

“ပြင်ထိန်း တင်ထားပြီးတာ၊ လမ်းချဲ့လိုက်တယ် မိုးရွာတော့ ပြိုကျတာ” ဟု ၎င်းက ပြောသည်။

မြေပြိုသော လမ်းအထက်၌ စာသင်ကျောင်းဆောင် နှစ်ထပ်ဆောင် ဆောက်နေပြီး၊ လမ်းချဲ့လိုက်ခြင်းတို့ကြောင့် ပြိုရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမိုးပန်က ပြောသည်။

“မိုးထပ်ရွာရင် ပြိုကျဖို့ပဲရှိတယ်၊ အပေါ်မှာတော့ ကျောင်းဆောင် အသစ်ဆောက်နေတာ၊ အခု လုပ်တဲ့ လမ်းတွေက မလုပ်သင့်ဘူး” ဟု ၎င်းက ပြောသည်။

မိုးဆက်တိုက်ရွာပြီး မြေပြိုမှုအား မထိန်းသိမ်းပါက ပိုမိုဆိုးနိုင်ပြီး ပြင်ထိန်းများ ဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်း ဦးစီး ဦးလာပဲက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here