သတ္ထုတူးခြင်းကြောင့် ပျက်စီးမြေနေရာများ ပြင်ဆင်ရန် ချက်နိုင်ငံ ကူညီမည်

0
37

အောင်ထွန်း
မုံရွာ၊ ဇူလိုင် – ၂၉

စစ်ကိုင်းတိုင်းအတွင်း သတ္ထုတူးခြင်းကြောင့် ပျက်စီးခဲ့သောမြေနေရာများတွင် ပြန်လည်ထိန်းသိမ်းရေး ချက်နိုင်ငံအကူညီဖြင့် လုပ်ဆောင်ရန် ကနဦး စီမံချက်များ အကြိုဆွေးနွေးခြင်းကို ဇူလိုင် ၂၇ ရက်က တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့သည်။

“ဘယ်နေရာမှာ လုပ်မယ်မသိသေးဘူး။ ဒေသခံတွေ လူမှုစီးပွားကူညီမလား၊ ဘယ်လိုလုပ်ရင်ရလဲ ဆွေးနွေးတဲ့ သဘောပါ။ ဒေါ်လာ ၄ သောင်းကူညီမယ် ပြောတယ်။ နေရာတစ်ခုတည်း အတွက်ပေါ့”ဟု ဆွေးနွေးမှုတွင် ပါဝင်ခဲ့သော တိုင်းသစ်တောဌာန ညွန်မှူး ဦးအောင်ဝင်းထွန်းက ပြောသည်။

ဆွေးနွေးမှုတွင် ဝန်ကြီးချုပ်နှင့် သစ်တောသတ္ထုရေးရာများ ကိုင်တွယ်သူ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ချက်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ ပါဝင်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here