သာစည်ရွာတွင် ကိုလိုနီခေတ်မြေပိုင်ရှင် သူဌေးကြီး ဦးဘိုးရှိရုပ်တု ထားမည်

0
21

ကိုလိုနီခေတ်မြေပိုင်ရှင် သူဌေးကြီး ဦးဘိုးရှိ၏ ကိုယ်တစ်ပိုင်းပုံ အင်္ဂတေ ရုပ်တုအား ၎င်း၏ မွေးရပ်မြေဖြစ်သော မုံရွာမြို့နယ် သာစည်ရွာ တွင် ထားရှိမည်ဖြစ်သည်။

၎င်းရုပ်တုအား သာစည်ရွာ ရှိ ဦးဘိုရှိ နှင့်တရားဝင် ဇနီး ၃၂ ဦးနေထိုင်ခဲ့သော ၉ ခန်းပတ်လည် သုံးထပ်တိုက်ကြီးနေရာ တွင်ထားမည်ဖြစ်သည်။

“ မုံရွာ သလ္လာရပ်ထဲမှာ အပ်ပြီးထုလုပ်နေတာပါ။ တပို့တွဲလပြည့်နေမှာ သယ်မယ် ။ဦးဘိုးရှိရဲ့ ဆွေမျိုးတွေ စုပေါင်းပြီး အမှတ်တရ ရှိစေဖို့ လုပ်တာပါ “ဟု ဦးဆောင်စီစဉ်နေသူ ဦးမောင်မောင်လတ် က ပြောသည်။

ဦးဘိုးရှိသည် ကိုလိုနီခေတ်တွင် တစ်နိုင်ငံလုံး လယ်ပိုင်ရှင်များထဲမှ နှစ်စဉ် နိုင်ငံတော်သို့ အခွန်ငွေ အများဆုံး ပေးသွင်းခြင်းကြောင့် အင်္ဂလိပ်အစိုးရမှ သဌေးဘွဲ့ပေးခဲ့သည်။

၎င်းသည် သာစည်ရွာရှိ သမိုင်းဝင်စေတီလှဘုရားကြီးတွင်လည်း သိမ်တိုက်၊ ဘုံ ၇ ဆင့် စချွန်၊ ရပ်တော်မှုနှင့် ရုပ်ပွားတော်ငယ် အဆူ ၈၀ ကို ပူဇော်လှူဒါန်းထားသည်။

သာစည်ရွာရှိ ဦးဘိုးရှိ နေထိုင်ခဲ့သော သုံးထပ်တိုက် မှာ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့သည်။

ဦးဘိုးရှိ၏ တရားဝင်ဇနီးများနှင့်အတူ နေထိုင်ခဲ့သော ၎င်းတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များ သည် အောင်မြေ နင်းသည်ဟု ယူဆကာ သွားရောက်ကြည့်ရှု့မှုများလည်း ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here