ဟုမ္မလင်းတွင် ကော်ဖီနှံကောင်များ ကျ

0
4302

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဇူလိုင်- ၁၀

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ဖာမူအုပ်စု၊ တောင်ခြေရင်းကျေးရွာတွင် ကန္တာရကျိုင်းကောင်နှင့်တူသော ကော်ဖီနှံကောင်များ ကျရောက်ခဲ့ကြောင်း စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ပြောသည်။

“ကျွန်မ သွားကြည့်ခဲ့ပါတယ်။ ငှက်ပျောပင်နားမှာ နည်းနည်းပဲရှိတော့တာပါ။ ကန္တာရကျိုင်းကောင်လည်း မဟုတ်ပါဘူး။ ကော်ဖီနှံကောင်ပါ။ အဲ့ဒီရွာမှာရှိတဲ့တောင်သူလယ်သမားတွေကိုလည်း ကန္တာရကျိုင်းကောင်မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်”ဟု ၄င်းက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့က ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ငှက်ပျောပင်များပေါ်တွင် အကောင်ပေါင်း ရာနှင့်ချီ၍ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရေကန်နား ရေချိုးရင်းနဲ့တွေ့တာ အများကြီးပဲဗျ၊ ဖက်တွေစားနေကြတာ၊ မပျံတတ်သေးဘူး၊ ခုန်ပြီးသွားတာ၊ ကျိုင်းကောင်နဲ့ တော်တော်တူတယ်၊ တချို့ကြတော့လည်း ကျိုင်းကောင်မဟုတ်ဘူးလို့လည်း ပြောကြတယ်”ဟု တောင်ခြေရင်းကျေးရွာ ကျောင်းဆရာ ဦးလင်းလင်းမောင်က ပြောသည်။

ယခုကျရောက်သော နှံကောင်များကို ယခင်က မြင်တွေ့ခဲ့ဖူးခြင်းမရှိဟု ဒေသခံများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here