ဟုမ္မလင်းမြို့ရှိ ရွှေမှော်ဟောင်းတစ်ခု ပြိုကျ၍ မျောလုပ်သားသေဆုံး

0
41

ကိုအောင်ကြီး
မုံရွာ၊ ဇူလိုင် – ၁

ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းရွာအုပ်စု နန့်မှော်ကုန်းရွှေမှော်တွင် မျောမီးဟောင်းတွင်းတစ်ခု ပြိုကျ၍ မျောတိုက်နေသော လုပ်သားတစ်ဦး သေဆုံးခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းကိုင်း နယ်မြေစခန်းမှ ခေတ္တစခန်းမှူးသည် တာဝန်ဆောင်ရွက်နေခိုက် လူတစ်ဦးသေဆုံးကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့သည်။

မိုင်းကိုင်းရွာအုပ်စု တောင်ပေါ် ကျေးရွာနေ အသက် ၅၂ နှစ်အရွယ် အမျိုးသားမှာ တစ်ဦးတည်း လက်လောင်း ရွှေမျောလုပ်နေခိုက် သဲစာများပြိုကျ၍ ပိမိကာ ခြေသလုံးနှစ်ဖက်တွင် ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ခဲ့သည်။

၎ငး် သေဆုံးမှုအား ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် မိုင်းကိုင်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here