တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ဇူလိုင်-၃
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့တွင် မသန်စွမ်းသူများအား ခြေတု အခမဲ့ ပြုပြင်တပ်ဆင်ပေးနေကြောင်း လုပ်ဆောင်ပေးနေသူ ဦးတင်မောင်ဝင်းက ပြောသည်။
ခြေတုများတပ်ဆင်ပေးခြင်လုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် သင်တန်းများတက်ရောက်ခဲ့ပြီး ခြေတု ပြုပြင်ပေးခဲ့သူ ၉ ဦးရှိခဲ့ပြီး ခြေတုအသစ် မှာယူသူ ၂၁ ဦး ရှိပြီဟု သိရသည်။
“ခြေတုတပ်ဆင်ထားပြီး အသုံးပြုရ အဆင်မပြေတာတွေ ပျက်စီးသွားတာတွေကို အခမဲ့ပြုပြင်ပေးတာပါ၊ မတော်တဆ ထိခိုက်မိတာတို့ ရောဂါကြောင့် ဖြတ်လိုက်ရတာတို့လောက်ပဲရှိတော့ ပြုပြင်တပ်ဆင်ပေးရတာ နည်းပါတယ်”ဟု ဦးတင်မောင်ဝင်းက ပြောသည်။
အဆိုပါ ခြေတု ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းကို ပိုလီယိုကြောင့် ခါးအောက်ပိုင်းမသန်သောကလေးများကို အများဆုံးပြုလုပ်ပေးရပြီး ဟုမ္မလင်းတွင် မသန်စွမ်းအဖွဲ့အစည်းမရှိ၍ အထောက်အကူပစ္စည်း ပံ့ပိုးမည့်သူမရှိကြောင်း ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ခြေတု အခမဲ့ပြုပြင်ပေးသူမှာ ၎င်းတစ်ဦးတည်းသာရှိပြီး လိုအပ်သည့်ပစ္စည်းများကို မန္တလေးတိုင်း ရေနံ့သာဆေးရုံမှ ဆရာဦးခင်မောင်ကျော်မှ ပေးပို့သည်ဟု သိရသည်။
