ဟုမ္မလင်း ဆုတောင်းပြည့်စေတီအနီး ကမ်းပါးပြိုမှု ဆက်တိုက်ဖြစ်နေ

0
2091

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ ​သြဂုတ် – ၁

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာရှိ ဆုတောင်းပြည့်စေတီအနီး ကမ်းပါးပြိုမှု ဆက်တိုက်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ပြိုကျကမ်းပါးနှင့် ဆုတောင်းပြည့်စေတီမှာ ၁၅ ပေခန့်သာ ကွာဝေးတော့ကြောင်း ကောယားရွာ ဥက္ကဌ ဦးသန်းဦးက ပြောသည်။

“ဘုရားပါသွားမှာ စိုးရိမ်နေကြတာပါ။ ရပ်မိရပ်ဖတွေနဲ့ လူငယ်တွေက သဲအိတ်လေးတွေတော့ သွားချထားတယ်။ တကယ်တမ်းပြိုရင်တော့ မထိရောက်ပါဘူး”ဟု ၎င်းက ပြောသည်။

ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းက ကမ်းနားလမ်း ဈေးတန်းဆိပ်ကမ်း ပြိုကျခဲ့ခြင်းဖြစ်သည်။

“မိုးကလည်းများနေတာကြောင့် ဘုရားရင်ပြင်ကနေ စီးကျပြီး ကမ်းလျှောခဲ့လို့ စေတီတော်နဲ့ သာသနိက အဆောက်အအုံအတွက်လည်း စိုးရိမ်နေရပါပြီ။ လူကြီးတွေအနေနဲ့ ဖြစ်နိုင်ရင်တော့ အဲ့ဒီဘုရားနေရာလေးရော ကမ်းနားဆိပ်ကမ်းနေရာလေးရော ကမ်းထိန်းနံရံလေးတော့ လုပ်ပေးစေချင်ပါတယ်”ဟု ဘုရားဂေါပက အတွင်းရေးမှူး စိုင်းဘနွယ်က ပြောသည်။

ကောယားကျေးရွာသည် အိမ်ခြေ ၅၀၈ အိမ်ရှိပြီး လူဦးရေ ၂၈၀၀ ခန့်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here