အာဆီယံသံအမတ်ကြီးများ အိန္ဒိယ-မြန်မာနယ်စပ်မြို့ တမူးသို့ အလည်အပတ်လာရောက်မည်

0
33

အာဆီယံနိုင်ငံမှ သံအမတ်ကြီးများနှင့် သံရုံးဝန်ထမ်းများသည် အိန္ဒယ-မြန်မာနယ်စပ် တမူးမြို့သို့ အလည်အပတ် လာရောက်ကြမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာတွင် ပြုလုပ်မည့်ဆန်ငိုင်းပွဲတော်သို့ ဝန်ကြီးချုပ်အထူးဧည့်သည်တော်အဖြစ်လာရောက်ကြခြင်းဖြစ်ရင်း မြန်မာဘက်ခြမ်း တမူးမြို့သို့ နိုင်ဝင်ဘာ၂၅ ရက်တွင် တစ်ရက်တာ လည်ပတ်မည်ဖြစ်သည်။

‘အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်က ဖိတ်ကြားလို့လာကြမှာ၊ သူတို့လာတဲ့အချိန် ကိုယ့်ဒေသထွက်ကုန်တွေကို ခင်းကျင်းပြသပေးမယ်’ ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကပြောသည်။

အိန္ဒိယနှင့်အာဆီယံသို့ ဆက်သွယ်ပေါင်းကူးပေးသည့် မြန်မာနိုင်ငံသို့သွားရန် သံအမတ်ကြီးများမှ စိတ်ဝင်စားသောကြောင့် လည်ပတ်ကြည့်ရှုနိုင်ရန်စီစဉ်ပြီး စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

‘အဓိကကတော့ ကိုယ့်ဒေသရဲ့ထုတ်ကုန်တေွကို အာဆီယံနိုင်ငံတွေထိ ဈေးကွက် ထိုးဖောက်ပြီးသားရမယ်။ အိန္ဒိယနဲ့လဲ နှစ်နိုင်ငံ ဆက်ဆံရေးလည်းအခုထက်ပိုကောင်းလာမယ်’ဟု စစ်ကိုင်းတိုင်းဒေသထွက်ကုန်များပြသရန် စီစဉ်ပေးသူ တစ်ဦးဖြစ်သော တိုင်းစက်မှု ကြီးကြပ်နှင့် စစ်ဆေးရေးဌာနမှ ညွှန်မှူးဦးဆန်းထွဋ်ကိုက ပြောသည်။ သံအမတ်ကြီးများခရီးစဉ်တွင် စစ်ကိုင်းတိုင်းမှ မြန်မာ့လက်မှုပစ္စည်းများ၊ ဒေသထွက်အစားအစာများပြသသွားမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here