အိန္ဒိယရောက် မြန်မာများ တမူးဂိတ်မှတစ်ဆင့် နှစ်နိုင်ငံ ချိတ်ဆက်လက်ခံနေ

0
86
ဌာနဆိုင်ရာများကို အကြောင်းကြားခြင်းမရှိဘဲ ရောက်လာပြီး ကွာရန်တင်းလည်းမဝင်သူ ၁၆ ဦး တရားစွဲဆိုခံထားသည်။

အိအိမွန်
မုံရွာ၊ ဇူလိုင် -၂၉

အိန္ဒိယမှတစ်ဆင် ့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို နှစ်နိုင်ငံချိတ်ဆက်ပြီး တမူးနယ်စပ်ဂိတ်မှ တစ်ဆင့် စိစစ်လက်ခံနေကြောင်း တမူးမြို့ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမြင့်နိုင်ဦးက ပြောသည်။

အိန္ဒိယအစိုးရဘက်နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ဝင်ရောက်လာသူတိုင်းကို တမူးကွာရန်တင်းစင်တာများတွင် ထားရှိကာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

“အိန္ဒိယကွာရင်တင်းကနေ လွှဲပြောင်း လက်ခံတယ်။ တရားမဝင် ဝင်မလာအောင် ဝင်လာတာတွေ့တာနဲ့ ချက်ချင်းသတင်းပေးဖို့ ပြောထားတယ်။ ဗီဇာနဲ့ သွားတဲ့သူတွေ၊ မသွားတဲ့သူရော ဒီဂိတ်ကပဲ တရားဝင် ဝင်လာကြတယ်”ဟု ဦးမြင့်နိုင်ဦးက ပြောသည်။

ဇူလိုင် ၂၉ ရက်နေ့အထိ တမူးတွင် ကွာရန်တင်းဝင်နေသူ ၈၀ ကျော် ရှိပြီ ဖြစ်သည်။ ပြန်ရောက်လာသူများတွင် အိန္ဒိယသို့ တရားဝင်အလုပ်သွားလုပ်သူများနှင့် တရားမဝင် သွားရောက် အလုပ်လုပ်သူများလည်းရှိရာ ဌာနဆိုင်ရာများထံ အကြောင်းကြားပြီး ပြန်လာသူ ယနေ့ထိ ရာချီရှိနေကြောင်း သိရသည်။

ကွာရန်တင်းစင်တာများတွင် နေထိုင်ပြီး ပိုးမရှိကြောင်း အဖြေရမှသာ နေရပ်ပြန်ခွင့်ပြုပြီး ဌာနဆိုင်ရာများကို အကြောင်းကြားခြင်း မရှိဘဲ ရောက်လာပြီး ကွာရန်တင်းလည်း မဝင်သူ ၁၆ ဦး တရားစွဲဆိုခံထားကြောင်း သိရသည်။

၎င်းတို့ထဲတွင် နိုင်ငံခြားသားများလည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ဇူလိုင် ၂၉ ရက်အထိ COVID-19 ကူးစက်လူနာ ၁၅ သိန်းကျော်ရှိပြီး ကမ္ဘာတွင် ကူးစက်မှု စတုတ္ထအများဆုံးနိုင်ငံ ဖြစ်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here