၂၀၂၀ ခုနှစ် ကမ္ဘာနှင့် တရုတ်နိုင်ငံအပေါ် မှန်းဆချက်များ

0
52

၂၀၂၀ ခုနှစ်အတွက် ထောင်စုနှစ်ရည်မှန်းချက်တွေ ဆယ်စုနှစ်ရည်မှန်းချက်တွေ နိုင်ငံတွေက ချထားတာရှိသလို ကုလလို အဖွဲ့တွေကလည်း ရည်မှန်းချက်တွေ ချထားတာတွေရှိပါတယ်။ အရပ်ဘက်တွေကလည်း ၂၀၂၀ ဆိုရင်နည်းပညာမှာ ဘာဖြစ်မယ်၊ နိုင်ငံရေးမှာ ဘာဖြစ်မယ်ဆိုတဲ့ ဟိုးယခင် ဟောကိန်းတွေရှိခဲ့သလို၊ လက်တွေ့မှာလည်း လာဖြစ်နေတာတွေ ရှိနေပါတယ်။ ဒီတော့ အဲလို ဖိုးကပ်ဖြတ်ကြတဲ့ အထဲက ကမ္ဘာနဲ့ တရုတ်နိုင်ငံနဲ့ မြန်မာပြည်တွင်း အဆက်စပ်တချို့ကို ဘာဖြစ်မယ်ဆိုတာ ပညာရှင်တွေရေးထားတာကို ချုံပြီး တချက်လောက်ကြည့်ရအောင်ပါ။

၂၀၂၀ အတွက် ကမ္ဘာ

၁- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခုတခါ ရွေးကောက်ပွဲမှာ ရှုံးနိမ့်မယ်လို့ အီကောနောမစ်မဂ္ဂဇင်းရဲ့ အေအိုင်က တွက်ထုတ်ထားတယ်လို့ဆိုပါတယ်။ သူ့အတွက် အဆုံးဖြတ်ပေးမယ့်ကာလတစ်ခု ဖြစ်လာပါလိမ့်မယ်။ သူလျှောက်ခဲ့တဲ့လမ်းမှာ အမှားပေါင်းများစွာနဲ့ မီဒီယာနဲ့ အိမ်ဖြူတော်ရဲ့ အတွင်းစည်းပေါင်းများစွာကို ဖြုတ်ထုတ်ခဲ့တာတွေရှိသလို၊ ဇွတ်အတင်း စီစဉ်ခဲ့တာတွေ၊ ကုန်သွယ်ရေးစစ်ခင်းခဲ့တာတွေ၊ အီရန်ကိုရန်စတာတွေ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ညစ်ပတ်အနိုင်ယူခဲ့တာတွေ၊ သူ့ကို တရားစွဲဖို့လုပ်နေတာတွေစတဲ့ ခေါင်းစားစရာများစွာရှိနေခဲ့တာပါ။ ဒီနှစ်မှာ သူ့ကို ထုတ်ပစ်ဖို့ထိလုပ်လာနိုင်ပါတယ်။ အင်္ဂလန်ရဲ့ ခွဲထွက်မယ့်အစီစဉ်ကြောင့် အင်္ဂလန်ဟာလည်း ကွဲလွဲတာ၊ ပျက်စီးရေးလမ်းစ ပေါ်လာတာ၊ ပျောက်ကွယ်ဖို့ထိ လမ်းတွေ မြင်လာရနိုင်ပါ တယ်။

၂-စီးပွားရေးမှာဆိုရင် အနုတ်လက္ခဏာတွေနဲ့ နပန်းလုံးနေရနိုင်ပါတယ်။ အထူးသဖြင့် ဥရောပ ဘဏ်တွေဟာဆိုရင် နက်ဂေးတစ် အတိုးနှုန်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အမေရိကန်ဟာဆိုရင် စီးပွားရေးကျဆင်းလာတာကို ကစားနေနိုင်ပါ တယ်။

၃- တရုတ်နိုင်ငံကတော့ အပေါင်းသဘောဆောင်တာတွေပဲ မြင်ရနိုင်ပါတယ်။ ဝီဂါကိစ္စက လွဲလို့ပေါ့။ တရုတ်နိုင်ငံရဲ့ ၂၀၂၀ ရည်မှန်း ချက်ဖြစ်တဲ့ အတန်သင့် ကြွယ်၀ရေး ရည်မှန်းချက်ကို ထိတယ်၊ ရောက်တယ်လို့ သူတို့က အခိုင်အမာ ပြောလာနိုင်ပါတယ်။ တခြားသောကမ္ဘာ့နိုင်ငံတွေကတော့ တရုတ်ထီးရိပ်နဲ့ အနောက်အမေရိကန်ထီးရိပ် နှစ်ခုကြားမှာ ဘယ်လိုချိန်ခွင်လျှာမျှအောင် နေထိုင်နိုင်မလဲဆိုတာက အဲဒီနိုင်ငံရဲ့ စီးပွားရေး အပေါ် ပြဋ္ဌာန်းလာပါလိမ့်မယ်။

၄- အားကစားမှာတော့ တခြားနှစ်တွေနဲ့မတူ ပွဲပေါင်းများစွာနဲ့ ကြီးကျယ်တဲ့နှစ်ပဲ ဖြစ်ပါမယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲက တကမ္ဘာလုံးက ပရိသတ်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ယူရို ၂၀၂၀ ဘောလုံးပွဲစဉ်တွေကလည်း နိုင်ငံပေါင်း ၁၂ နိုင်ငံ လောက်ကို ကြီးစွာလွှမ်းမိုးပါမယ်။ ခရစ်ကတ် အတွက် T20 World Cup ကို သြစတေးလျမှာ ပြုလုပ်ရင် အောင်မြင်မှုကိုများစွာ မျှော်လင့်နေကြမယ်။

၅- နျူကလီးယားလက်နက်ပြန့်ပွားမှာကို စိုးရိမ်မှုတွေ မြင့်လာမယ်။ နျူးကလီးယားမပြန့်ပွားရေးစာချုပ်ကို ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် တာကလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်လောက်ရှိနေမယ်။ လက်နက်အသစ် အဆန်းပြိုင်ဆိုင်မှုအတွက်လည်း ကမ္ဘာက ကြောက်နေရပါလိမ့်မယ်။

၆- ခေတ်မှီချင်ရင် ဘာပဲလုပ်လုပ် Sustainability ကိုပြောလာမယ်၊ တကယ်လည်း လိုအပ်လာတာတွေ့ရမယ်။ ကူမင်းပြည်နယ်တွေမှာ ဇီဝမျိုးကွဲစုံကိစ္စကို ဆွေးနွေးကြမယ်။ ဥရောပမှာ ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ ဆွေးနွေးကြမယ်။ စီးပွားရေးသမားတွေကလည်း ရေရှည်ထိန်းထားနိုင်သော အရင်းရှင်စနစ် sustainable capitalism ဆိုတာကို ထောက်ခံပါတယ်လို့ လေသံပစ် လာမယ်။

၇- ပင်လယ်ကွေ့ဒေသတွေက ကမ္ဘာမှာ အပြောင်းအလဲတွေဖြစ်လာတာတွေ့ရမယ်။ ဒူဘိုင်းမှာ World Expo ကျင်းပခြင်းကနေ သက်ရောက်မှုတွေရှိလာမယ်။ ရေနံဝေးဆိုတာ နိုင်ငံရေးကစားလို့ ရချင်မှရတော့မယ်။ ဆော်ဒီအာရေးဗျနိုင်ငံက G20 ကို လက်ခံကျင်းပလာမယ်။

၈-အင်္ဂါဂြိုဟ်သွားမယ့် ခရီးစဉ်ပေါင်းများစွာ တွေ့လာရမယ်။ အမေရိကန်၊ ဥရောပ၊ တရုတ်၊ အာရပ်စော်ဘွားများနိုင်ငံတွေက စူးစမ်းလေ့လာ ရေးယာဉ်တွေများစွာ လွှတ်လာကြမယ်။

၉- နည်းပညာနယ်ပယ်မှာ အတက်အကျပေါင်းများစွာကို အချိန်တိုအတွင်း တွေ့လာရမယ်။ ဖြစ်ထွန်းတိုးတက်မှုအသစ်တွေ တက္ကစီကားတွေက ကားပျံတွေ ဖြစ်လာနိုင်တယ်။ လျှပ်စစ်ကားများလာမယ်။ ဘက်ထရီအသုံးဟာ ဆိုရင် ခုထက်ဆယ်ဆနီးပါး များလာမယ်။ လူတစ်ယောက်ချင်း လိုအပ်ချက်ပေါ်မူတည် ထုတ်လုပ်လာတဲ့ ဆေးဝါးကုမ္ပဏီတွေရှိလာမယ်။ ကွန်ပျူတာတွေက ဆူပါကွန်ပျူတာနီးပါး မြန်ဆန်လာမယ်။ ဖုန်းတွေက ကွေးနိုင်ဆန့်နိုင်လာမယ်။ နည်းပညာနယ်ပယ်မှာ အဆိုးတွေဖြစ်လာနိုင်တာက အီးဝေ့စ်တွေများလာမယ်။ နည်းပညာကုမ္မဏီတွေက စည်းကမ်းကျပ်လာတာ၊အခွန်များလာတာ၊ လုံခြုံရေး ထိပါးခံလာရတာပိုများလာမယ်။ အင်စတာဂရမ်ဟာ ခုလာမယ့်အမေရိကန်ရွေးကောက်ပွဲ မှာ ရေပန်းစားနိုင်တယ်။

၁၀- နာမည်ကြီးတွေရဲ့ ရတုနှစ်တွေများမယ်။ ဥပမာ- ဘီသိုဘင်ရဲ့ နှစ် ၂၅၀ ပြည့်။ ကုလ ကျန်းမာရေးအဖွဲ့က ၂၀၂၀ ကို သူနာပြုများနှစ်လို့ သတ်မှတ်လာမယ်။ ဘာလို့လဲဆိုတော့ ဖလောရင့်နိုက်တင်ဂေး မွေးဖွားပြီး နှစ်နှစ်ရာပြည့်မို့ပဲ။ ကုလ၊ ဘီတဲလ်၊ မေဖလားဝါး၊ စတာတွေ ကျန်ပါသေးတယ်။

၁၁- ဖျော်ဖြေမှုတွေဟာ on stream လွှင့်တာ ဖြစ်လာမယ်။ ရုပ်သံတွေလည်း ဒီလိုဖြစ်လာမယ်။ သည် Stream ကနေ ဂိမ်းသမားတွေလည်း စုစည်းလာမယ်။ အီးစပေါ့ အားကောင်းလာမယ်၊ ဈေးကွက်ကြီးကျယ်လာလို့ ဗီဇာချပေးရတာများလာမယ်။ James Bond ဇာတ်ကားကြိုက်သူတွေကတော့ အရင်အတိုင်းပဲ ၂၅ ကားမြောက် James Bond ကားကို ရုပ်ရှင်ရုံတွေဆီ သွားကြည့်ကြလိမ့်မယ်။ ကိုင်ရိုမှာ ပြတိုက်အသစ်ကနေ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတွေ အရေးပါပုံကို ပြထားတဲ့ ပထမဆုံးပြတိုက် ဖွင့်လာမယ်။

၁၂- လူငယ်လို့ခေါ်နေတဲ့ သက်ကြီးတွေများ လာမယ်။ (“yold”, or the young old) ၃၀ ကျော်တွေ များလာတာကိုပြောတာပါ။ အာဖရိကမှာတော့ ခွဲထွက်ရေးအတွက် ဖိအားပေးပေါက်ကွဲမှု တွေရှိလာနိုင်တယ်။ အပင်ဗီဇပညာရှင် များလာမယ်။ နောက်ဆယ်နှစ်အတွင်းမှာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကမ္ဘာလုံးအတိုင်းအတာနဲ့ လျော့ချပေးနိုင်မယ့် နည်းပညာ တွေ့လာမယ်။

၂၀၂၀ တရုတ်နိုင်ငံ

ဒီနှစ်အတွက် တရုတ်ရည်မှန်းချက်က သင့်တင့်စွာ ချမ်းသာစေရေး ရည်မှန်းချက်ထားရှိပါတယ်။ ၂၀၂၀ နှစ်ကုန်မှာ တရုတ်လူမျိုး ၈၀ ရာခိုင်နှုန်းခန့် မင်ဒရင် စကားတတ်ရမယ်လို့အစိုးရက ဆိုပါတယ်။ တရုတ်ကွန်မြူနစ် ပါတီအတွက် ဒီနှစ်က အရောင်ဝါမှေးမှိန်သွားမယ့်နှစ်နိုင်တယ်။ အကြောင်းက အမေရိကန်နဲ့ မပြီးဆုံးသေးတဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ဟောင်ကောင်မငြိမ်သက်မှု၊ ထိုင်ဝမ်ရွေးကောက်ပွဲ စတာတွေဟာ ခေါင်းဆောင်တွေအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုတွေပါ။ ခေါင်းဆောင်တွေရဲ့ မှတ်စုစာအုပ်ထဲမှာက ဒီနှစ်ကို အောင်မြင်မယ့်နှစ်လို့သတ်မှတ်ထားပြီးသားပါ။ သူတို့ပြောတာက ဖွံ့ဖြိုးရေးရဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်တာဖြစ်လို့ ကဏ္ဍစုံ တိုးတက်မယ်ဆိုပါတယ်။ ကမ္ဘာက တရုတ်ကို နောက်တက်လာတဲ့ ဆူပါလို့ ယူဆကြပါတယ်။ တိန့်ရှောင်ပင်ရဲ့ ၂၀၂၀ ရည်ရွယ်ချက်ဟာ အားလုံးချမ်းသာ နေရမယ်၊ ၂၀၁၀ ခုနှစ်ထက် GDP နဲ့ တစ်ဦးချင်း ဝင်ငွေ နှစ်ဆတက်ရမယ်လို့ ဆိုထားပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ poverty line အောက်မှာရှိမနေရဘူးလို့ ဆိုပါတယ်။ ကမ္ဘာလုံး ဆိုင်ရာစီးပွားရေး နှေးကွေးတာက သူတို့အားထုတ် ကြိုးစားမှုကိုလည်း ရှုပ်ထွေးသွားစေပါတယ်။ ၂၀၁၀ တုန်းကလို GDP နှစ်ဆတက်ဖို့ဆိုရင် ၂၀၁၉ ၊၂၀၂၀ မှာ ပျှမ်းမျှ ၆ ဒသမ၂ ရာခိုင်နှုန်းလောက် တိုးတက်ဖို့လိုပါတယ်။ ဆင်းရဲမှု အလုံးစုံပြတ်သွားဖို့ဆိုတာ အခက်တကာ အခက်ဆုံးပါပဲ။ တရုတ် ပြောတာက သူတို့ ဆင်းရဲမှုကို မြို့တွေမှာ မရှိအောင် လုပ်နိုင်ပြီ ဆိုပါတယ်။ ဒါဆိုရင် တောနယ်ဘက်တွေမှာတော့ ဆင်းရဲမှု ရှိနေပါသေးတယ်။

၂၀၃၅ တွင် တရုတ်ပြည်မှာ ခေတ်သစ် ဆိုရှယ်လစ်တိုင်းပြည် “modern socialist” ဖြစ်ဖို့ ရည်မှန်းချက်ရှိပါတယ်။ ၂၀၁၉ မှာဆိုရင် ကွန်မြူနစ် အုပ်စိုးတဲ့နှစ် ၁၀ဝ ပြည့်မှာ နိုင်ငံလုံးဝချမ်းသာဖို့၊ ခိုင်မာဖို့၊ ဒီမိုကရက်တစ်ဖြစ်ဖို့၊ ယဉ်ကျေးမှုအရ ရှေ့တန်းရောက်ဖို့၊ သဟဇာတဖြစ်ဖို့၊ လှပတဲ့တိုင်းပြည်ဖြစ်ဖို့ ရည်မှန်းပါတယ်တဲ့။

Ref:economist

LEAVE A REPLY

Please enter your comment!
Please enter your name here