2020 မှာ လေ့လာထားသင့်တဲ့ Programming Languages ၅ ခု

0
61

ပရိုဂရမ်မာတွေ စုဝေးရာနေရာတစ်ခုဖြစ်တဲ့ Stack Overflow Website ကနေ နှစ်စဉ်လိုလို စစ်တမ်းတစ်ခု ကောက်ခံလေ့ရှိပါတယ်။ အဲဒီစစ်တမ်းဟာ လာမယ့် နှစ်သစ်မှာ ဘယ် Programming Languages တွေက အသုံးဝင်လာနိုင်မလဲ၊ ဘယ်ဟာတွေကိုလေ့လာထားရင် အကျိုးရှိမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ကမ္ဘာပေါ်က ပရိုဂရမ်မာတွေကို စစ်တမ်းမေးထားတာပါ။ အခုအချိန်မှာ Programming Languages တွေဟာ လေ့လာလို့မကုန်အောင်အထိ အများအပြားရှိနေပါတယ်။ ဘယ်ဟာ ကပိုကောင်းတယ်၊ ဘယ်ဟာကမကောင်းဘူးဆိုတာမျိုးက ပြောရခက်ပြီး တစ်မျိုးချင်းစီမှာ ကောင်းခြင်း၊ ဆိုးခြင်းတွေ ပါဝင်နေပါတယ်။ dev.to ဆိုတဲ့ Website က ရေးသားထားတဲ့ Stack Overflow ရဲ့ စစ်တမ်းကို ဖော်ပြလိုက်ပါတယ်။

(1) – Javascript

Stack Overflow မှာရှိတဲ့ ပရိုဂရမ်မာတွေရဲ့ အဆိုအရ Javascript ဟာ သိပ်ကိုလူသုံးများတဲ့ Language တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ရှေ့နှစ်တွေ တုန်းက လေ့လာထားတဲ့ သုတေသန တွေအရ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ developer တွေရဲ့ ထက်ဝက်လောက်က Javascrip ကို အသုံးပြုနေကြပါတယ်။ အခုအချိန်မှာတော့ program တစ်ခုကို develop လုပ်ဖို့အတွက်ကတော့ Javascriptu တော့ မရှိမဖြစ် Language တစ်ခု ဖြစ်လာခဲ့ပါတယ်။

front-end development တွေ အတွက်လည်း Javascript ဟာ သိပ်အရေးကြီးတဲ့နေရာမှာရှိတဲ့ Language တစ်ခု ဖြစ်နေပါတယ်။ interactive ဖြစ်တဲ့ web page တွေအတွက်လည်း Javascript ဟာ သိပ်ကိုအသုံးတည့်ပြီး သုံးရတာလည်း တော်တော်လေးကို အဆင်ပြေတဲ့အရာတစ်ခုပါ။ back-end development ဘက်မှာဆိုရင်လည်း Node.js framework နဲ့ တွဲပြီး Javascript ကို အသုံးပြုလို့ရနေပါပြီ။

ဂိမ်းရေးဆွဲတဲ့ လုပ်ငန်းတွေ တစ်စ နဲ့တစ်စ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ သုံးရတာ တော်တော်အဆင်ပြေတဲ့ Language တစ်ခုဖြစ်တာကြောင့် Javascript ကို လေ့လာထားရင် မမှားနိုင်ပါဘူး။

(2) – Python

Python ကတော့ နောက်ပိုင်းအသုံးများလာတဲ့ Language တစ်ခုပါ။ Python ကို Web Application တွေ ရေးဆွဲတဲ့နေရာ၊ network servers တွေ၊ desktop app တွေ၊ medial tool တွေ၊ machine learning တွေအတွက် အသုံးပြုလေ့ရှိကြပါတယ်။ back-end API တွေ Develop လုပ်တဲ့နေရာမှာ လည်း Python ဟာ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ Django၊ TurboGears၊ Pyramid တို့လိုမျိုး Framework တွေကလည်း python language အပေါ်မှာ အခြေခံပြီး ပြုလုပ်ထားကြပါတယ်။

ပရိုဂရမ်မင်းကို အခုမှ စလေ့လာမယ့်သူတွေအတွက်တော့ Python က အသင့်တော်ဆုံး Language တစ်ခုပါလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Python ရေးရတာဟာ လွယ်ကူရှင်းလင်းပြီးတော့ ပရိုဂရမ်မင်းနဲ့ မရင်းနှီးသေးတဲ့သူတွေအတွက် နားလည်ရ လွယ်ကူတဲ့ Language တစ်ခုဖြစ်နေလို့ပါ။

Python ကို အခုအချိန်မှာ Machine Learning၊ Artificial Intelligence တွေ၊ စက်ရုပ်တွေလုပ်တဲ့ နေရာတွေနဲ့ Big Data တွေနေရာမှာ အသုံးပြုနေကြပါတယ်။

(3) – Java

Java ဆိုတဲ့ စကားလုံးကို development field မဟုတ်တဲ့လူတွေတောင် မကြာခဏ ကြားဖူးနေကြ စကားလုံး တစ်လုံးပါ။ ဘာကြောင့်လဲဆိုတော့ Java ဟာ သိပ်ကိုနာမည်ကြီးပြီး လူပြောများတဲ့ programming language တစ်ခု ဖြစ်နေလို့ပါပဲ။

Java language စပေါ်ပေါက်လာတာက ၁၉၉၁ ခုနှစ်ကတည်းကဆိုပေမယ့် အခုအချိန်အထိ နာမည်ကြီးပြီး လူသုံးများတဲ့ Language တစ်ခုအဖြစ်နဲ့ ရှိနေတုန်းပါပဲ။ Java ရဲ့ ထူးခြားချက် တစ်ခုကတော့ Java မှာ JVM လို့ခေါ်တဲ့ java virtual machine ဆိုတဲ့ feature တစ်ခုပါဝင်ပါတယ်။ အဲဒီ feature ဟာ cross-platform အနေနဲ့ အသုံးပြုလို့ရ တာကြောင့် အခုထက်အထိ လက်မလွှတ်ကြသေးတဲ့ Language တစ်ခုအနေနဲ့ ရှိနေဆဲပါ။

အခုအချိန်မှာ Java ကို ကောင်း ကောင်းကြီးယှဉ်နိုင်တဲ့ Kotlin language ပေါ်လာပြီးနောက်မှာ Java ဟာ အရင်လို ပလ္လင်ပေါ်က ဆင်းပေးရတဲ့ အခြေအနေတစ်ခု ဖြစ်နေခဲ့ပေမယ့် အခုအချိန်အထိ Java ကို သုံးပြီးရေးနေကြတဲ့ ပရိုဂရမ်တွေလည်း ရှိနေဆဲပါ။

4 – C#

C#ကတော့ ၂၀ဝ၀ ပြည့်နှစ် လောက်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကနေ Develop လုပ်ခဲ့တဲ့ Language တစ်ခုပါ။ .Net Framework နဲ့အများဆုံးတွဲပြီး အသုံးပြုတဲ့ Language တစ်ခုပါ။

C# ဟာ လေ့လာရ လွယ်ကူပါတယ်။ ရှင်းလင်းတယ်။ C# ရဲ့ အားသာချက် တစ်ခုကတော့ တခြား Language တွေလိုမျိုး Feature တွေအများကြီး C# မှာ မပါတဲ့အတွက်လည်း ခေါင်းစားရသက်သာပါတယ်။ web ဘက်ပိုင်းမှာပဲဖြစ်ဖြစ်၊ app ဘက်ပိုင်းမှာပဲဖြစ်ဖြစ်၊ game develope လုပ်ချင်တယ်ပဲဖြစ်ဖြစ် C#u အသုံးတည့်နေသေးတဲ့ Language တစ်ခုပါ။

(5) – PHP

PHP ကတော့ Web App တွေအတွက် အများဆုံးအသုံးပြုတဲ့ Language တစ်ခုပါ။ စပြီးဖန်တီးခဲ့တုန်းက တစ်ကိုယ်ရေသုံး HomePage တွေ အတွက်သာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ PHP ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးချိန်မှာတော့ တော်တော်လေးလူသုံးများလာတဲ့ Language တစ်ခု ဖြစ်လာခဲ့ပါတယ်။

PHP ရဲ့ အားသာချက်တစ်ခုကတော့ PHP ရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးဟာ အခမဲ့အနေနဲ့ ရရှိပါတယ်။ နောက်တစ်ချက်ကတော့ Laravel လိုမျိုး အသင့်ပြင်ဆင်ပြီးသား ဖြစ်တဲ့ Framework တွေလည်း ရှိနေတာကြောင့် Web ဘက်ကို ရွေးချယ်မယ်ဆိုရင် PHP က လွယ်ကူနေစေမှာပါ။

PHP ကို အခြေခံပြီး ရေးဆွဲထားတဲ့ Website တွေထဲမှာ Facebook လည်း ပါဝင်ပါတယ်။

Ref – dev.to

LEAVE A REPLY

Please enter your comment!
Please enter your name here