0
61

အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ရဲ့နုတ်ထွက်စာကို အီရန်သမ္မတ ဟာဆန်ရိုဟာနီက ပယ်ချခဲ့သည်ဟု အီရန်အစိုးရပိုင် IRNA သတင်းအေ ဂျင်စီက ဖော်ပြသည်။

နုတ်ထွက်မည်ဟု တနင်္လာနေ့ည တွင် သူ၏အင်စတာဂရမ်အကောင့်မှ ဇာရစ်က ကြေညာခဲ့သည်။ သူဦးဆောင်ခဲ့သည့် ၂၀၁၅ အီရန် နျူကလီးယားသဘောတူစာချုပ် (JCPOA)မှ အမေရိကန်နုတ်ထွက်ခဲ့ခြင်း ကြောင့် သဘောထားတင်းမာသည့် အီရန်လွှတ်တော်အမတ်များ၏ဖိအား ကို ခံခဲ့ရပြီးနောက် နုတ်ထွက်မည်ဟု ဇာရစ်ကကြေညာခြင်းဖြစ်သည်။

ဇာရစ်သည် ရိုဟာနီ၏ အဓိကတွဲ ဖက်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ဆက်ဆံ ရေးကောင်းသူဖြစ်သည်။ နုတ်ထွက်မည့်အကြောင်းရင်းကို ဇာရစ်က တိတိကျကျထုတ်ပြောခဲ့ခြင်း မရှိချေ။

နိုင်ငံရေးအစုအဖွဲ့အသီးသီးမှ လွှတ်တော်အမတ် ၁၃၅ ဦးက ဇာရစ်ကို ရာထူးမှမနုတ်ထွက်ရန် တောင်းဆိုခဲ့ သည်ဟု IRNA သတင်းတွင် ဖော်ပြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here