ကိုဗစ်စစ်ဆေးရေးဂိတ်တွင် တမလန်းခွဲသားများ မိ

မောင်စိန်ချိုပင်လည်ဘူး၊ စက်တင်ဘာ-၁၇ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တရားမဝင်သယ်ဆောင်လာသော တမလန်းခွဲသားများ ဖမ်းမိသည်။ ယနေ့နံနက်ပိုင်းက ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း တပ်ကုန်းကျေးရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် ခြောက်ဘီးယာဥ်တစ်စီးအား ရှာဖွေရာ...

စီနိုဟိုက်ဒရိုကုမ္ပဏီတွင် ကန့်ဝင်နေသော လုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

ကိုအောင်ကြီးမုံရွာ၊ စက်တင်ဘာ- ၁၁ ဆားလင်းကြီးမြို့နယ်ရှိ စီနိုဟိုက်ဒရိုကုမ္ပဏီ(စီနို-1)တွင် ကန့်ဝင်နေထိုင်သော မြန်မာလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားသည်။ စီနိုဟိုက်ဒရိုကုမ္ပဏီသည် လက်ပံတောင်းကြေးနီစီမံကိန်းလုပ်ဆောင်နေသော မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ကန်ထရိုက်ခွဲတစ်ခု ဖြစ်သည်။

ပင်လည်ဘူးတွင် ကျပ်သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးများ ဖမ်းမိ

မောင်စိန်ချိုပင်လည်ဘူး၊ စက်တင်ဘာ - ၉ ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် သိန်း ၁၁၀ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ သိရသည်။ မူးယစ်ဆေးသယ်ဆောင်လာသူများကို ပင်လည်ဘူးမြို့-ကျွန်းလှသွားလမ်း သစ်ဖြူကျင်းကျေးရွာနှင့်...

ဖုန်းဆိုင် အရောင်းဝန်ထမ်းမိန်းကလေးအား မဖွယ်မရာလုပ်သူ ဖမ်းဆီးခံရ

ကိုအောင်ကြီးမုံရွာ၊ စက်တင်ဘာ - ၉ မုံရွာ ကျောက္ကာလမ်းဘေးရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် ဝန်ထမ်းမိန်းကလေးအား မဖွယ်မရာလုပ်သော ဈေးဝယ်သူအမျိုးသား ဖမ်းဆီးတရားစွဲဆိုခံရသည်။ စက်တင်ဘာ ၇ ရက် ည ၇...

မုံရွာမြို့ပတ်ဓားခုတ်လုယက်သူ ၅ ဦး ဓားပြမှုဖြင့် အမှုဖွင့်ထား

ကိုအောင်ကြီးမုံရွာ၊ စက်တင်ဘာ - ၉ မုံရွာမြို့ပေါ် နေရာစုံတွင် စက်တင်ဘာ ၇ ညပိုင်းက ဓားခုတ်လုယက်သူများကို ညတွင်းချင်း လိုက်လံစုံစမ်းဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြမှုဖြင့် အမှုဖွင့်ထားကြောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောသည်။

ဂုဏ်သိက္ခာကျအောင် ဖေ့စ်ဘွခ်တွင်ရေးသော အကောင့်ပိုင်ရှင်အား အမှုဖွင့်

ကိုသစ္စာမုံရွာ၊ စက်တင်ဘာ - ၉ ကသာမြို့နယ်မှ လွှတ်တော်အမတ်လောင်းအား ၂၀၂၀ ရွေးကောက်ပွဲတွင်ရှုံးနှိမ့်စေရန် ရည်ရွယ်၍ လူမှုကွန်ရက်ဖေ့စ်ဘွခ်တွင် ရေးသည်ဟုဆိုကာ သုခမိန် အကောင့်ပိုင်ရှင်အား ကသာမြို့နယ် ဆင်ကုန်းရွာနေ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ ဖြင့်...

ဟုမ္မလင်းတွင် ပစ္စတိုများ၊ မူးယစ်ဆေးနှင့် ငွေကျပ်သိန်းလေးထောင်ကျော် ဖမ်းမိ

တင်မျိုးငြိမ်းဟုမ္မလင်း၊ စက်တင်ဘာ- ၆ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်းကျေးရွာ သန္တိစေတီတော်အနီး စက်သုံးဆီအရောင်းဆိုင်တစ်ခုကို သတင်းအရ ယမန်နေ့ညနေပိုင်းက ဝင်ရောက်စစ်ဆေးရာ လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့် ငွေကျပ်သိန်းလေးထောင်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ပင်လည်ဘူးတွင် အကြောင်းမဲ့ ဓားဆောင်ပြီး လမ်းပေါ်သွားသူ ဖမ်းဆီးခံရ

မောင်စိန်ချိုပင်လည်ဘူး၊ သြဂုတ် - ၂၆ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့တွင် အကြောင်းမဲ့ ဓားကိုင်ဆောင်သူတစ်ဦး ယနေ့နံနက် ၁၀ နာရီခန့်က ဖမ်းဆီးအရေးယူထားကြောင်း မြို့မရဲစခန်းမှ သိရသည်။ ပင်လည်ဘူးမြို့အထွက် အနန္တမေတ္တာဆီဆိုင်အနီးတွင်...

မုံရွာတွင် ချိန်းတွေ့နေသော စုံတွဲအား ဓားထောက် ဆိုင်ကယ်လုသူများ ဖမ်းမိ

ကိုအောင်ကြီးမုံရွာ၊ သြဂုတ် - ၂၅ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်းရှိ ရှစ်မျက်နှာဘုရားဝန်းအတွင်း ချိန်းတွေ့နေသော စုံတွဲအားဓားပြ၍ ခြိမ်းခြောက် ဆိုင်ကယ်လုခဲ့သူ ၃ ဦးအား သြဂုတ် ၂၄ ရက်က ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

KBZ Pay မှ ငွေလိမ်ထုတ်သွားသူကို စုံစမ်းဖော်ထုတ်ပေးရန် ရဲစခန်းသို့ တိုင်ထား

ကိုအောင်ကြီးမုံရွာ၊ သြဂုတ် - ၂၅ ရွှေဘိုမြို့တွင် KBZ Pay မှတစ်ဆင့် ငွေလိမ်ထုတ်သွားသူအား ဖော်ထုတ်ပေးပါရန် ငွေကြေးဆုံးရှုံးသူတစ်ဦးမှ ရဲစခန်းထံ သြဂုတ် ၂၁ ရက်က တိုင်တန်းခဲ့သည်။
- Advertisement -

Latest article

ရှမ်းရိုးရာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ တံခွန်တစ်ထောင် ကပ်လှူပွဲကျင်းပ

တင်မျိုးငြိမ်းဟုမ္မလင်း၊ အောက်တိုဘာ - ၁ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှမ်းတိုင်းရင်းသားရိုးရာ ဆွမ်းတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေတစ်ထောင်၊ တံခွန်တစ်ထောင်အား ယနေ့ အရုဏ်တက်တွင် ကပ်လှူခဲ့ကြသည်။

မဲရုံစောင့် အထူးရဲများ သင်တန်းစပေး

တင်မျိုးငြိမ်းဟုမ္မလင်း၊ အောက်တိုဘာ- ၁ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ မဲရုံများလုံခြုံရေးစောင့်ကြည့်မည့် အထူးရဲများကို ဟုမ္မလင်းမြို့ ရှမ်းစာပေနှင့် ယဥ်ကျေးမှုရုံးတွင် ယနေ့သင်တန်း စတင်ပေးသည်။ သင်တန်းတွင်...

နှင်းဆီပါတီ ပထမဆုံးဥက္ကဌ ဦးဘိုမောင်းနှင့် တွေ့ဆုံခြင်း

ကိုသစ္စာမေးသည်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ဒုတိယအင်အားအကြီးဆုံးအဖြစ် မဲဆန္ဒနယ် အများဆုံး ဝင်ပြိုင်မယ့်ပါတီဟာ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီပါ။ လက်ရှိမှာတော့ UDP...