ကိုယ်စားလှယ် ဟူသည်မှာ

၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ယခုအချိန်တွင် ပါတီအသီးသီးက မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို ပြည်သူ့ထံသို့ တင်ပြမိတ်ဆက်နေကြပြီ ဖြစ်သည်။ ထိုသို့သော အချိန်တွင် ကိုယ်စားလှယ်ဟူသောစကား၏ အတိမ်အနက်ကိုလည်း စေ့ငုရန် လိုအပ်လာပြီလည်း ဖြစ်သည်။ ကိုယ်စားလှယ်ဟူသော ဝေါဟာရကို အနက်ဖွင့်ကြည့်သောအခါ ပြည်သူလူထုကို ကိုယ်စားပြုထားသူ သိုးဆောင်းစကားဖြင့်...

မြစ်ချင်းတွင်းကို ဂရုစိုက်ပါ

လက်ရှိမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာခဲ့သော အတိတ်သမိုင်းကြောင်းတွင် မြစ်ဝှမ်းဒေသများသည် အရေးပါခဲ့သည်။ သမိုင်းတင်ပြီးနောက် အနော်ရထာခေတ်မှ အစပြု၍ ဧရာဝတီမြစ်ဝှမ်းဒေသသည် ထင်ထင်ရှားရှား အရေးပါလာသကဲ့သို့ ရှိသော်လည်း သမိုင်းမတင်မီ အထောက်အထားအချို့တွင် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ အင်ပါယာကြီးများသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေခဲ့ကြောင်း ရှေးဟောင်းသုတေသီတို့က ဖော်ပြနိုင်ခဲ့သည်။

ယာဉ်စည်းကမ်းမှသည် အဆင့်မြင့် ဒီမိုကရေစီ ဆီသို့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သည် ယာဉ်စည်းကမ်းနှင့် ပတ်သက်၍ လိုက်နာမှုအားနည်းသည့် မြို့များထဲတွင် တစ်မြို့အပါအဝင်ဖြစ်ကြောင်း ငြင်းမရနိုင်ပါ။ ကိုဗစ်ကာလတွင် ယာဉ်တိုက်မှုအရေအတွက် အနည်းငယ် လျော့ကျသွားကြောင်း စာရင်းဇယားများအရ တွေ့ရသော်လည်း ပြန်လည်ဖြည်လျှော့စပြုနေသော ယခုကာလတွင် ယာဉ်မတော်တဆမှုများ ပြန်လည်မြင့် တက်လာသည်ကို ယာဉ်ထိန်းရုံးစာရင်းဇယားများအရ တွေ့နိုင်သည်။ ထို့ပြင်...

ပါတီကိုယ်စားပြုတိုင်း ပြည်သူကိုယ်စားပြုမလား

များမကြာမီ ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း နိုဝင်ဘာတွင် ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။ ထိုကြေညာချက်နှင့်အတူ ပါတီအချို့လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသည်။ အထူးသဖြင့် ပြည်ထောင်စု တစ်ခွင်လုံးယှဉ်ပြိုင်ကြမည့် ပါတီကြီးများသည် မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်လာကြသည်။

သိုးရေခြုံသောဝံပုလွေ မဖြစ်ကြစေရန်

ဒီမိုကရေစီဆိုလျှင် ပြည်သူလူထုရော၊ အစိုးရအတွက်ပါ အင်မတန်ရင်းနှီးနေသော ဝေါဟာရတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီဟူသော ဝေါဟာရကို ပေါ်ပေါ်ထင်ထင်ပြောဆိုခွင့်ရစေရန်အတွက် အသက်ပေါင်းများစွာ၊ မိသားစုဘ၀ပေါင်းများစွာပေးဆပ်ခဲ့ရခြင်း၊ ပေးဆပ်နေရခြင်းကြောင့်လည်း ပိုမိုစွဲမြဲနေကြခြင်းဖြစ်သည်။ ဒီမိုကရေစီခေတ်တစ်ခေတ် ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်ပြုကြသူများကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည့်...

ဒေသတွင်းညွှန်ကြားချက်များနှင့် ပြည်သူ့အခက်

ကိုဗစ်ကာလတွင် တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ညွှန်ကြားချက်အမြောက်အများ ထွက်ပေါ်ခဲ့သည်။ တိုင်းအတွင်း အဝင်အထွက်ကန့်သတ်ခြင်း ညွှန်ကြားချက်၊ ယင်းကိုပယ်ဖျက်ကြောင်း ညွှန်ကြားချက်အပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ညွှန်ကြားချက် ၇ စောင်ထက်မနည်း ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်များကို ပြည်သူများ လိုက်နာကြပါသလောဟူသော မေးခွန်းသည်လည်း ထွက်ပေါ်လာသည်။

ပြည်သူသာ အဓိကဟု ဆိုရာတွင်

လက်ရှိဖြစ်ပွားနေသော Covid -19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ နှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသော မိန့်ခွန်း နှစ်ရပ်လုံးတွင် ပြည်သူသာအဓိကဟု ပြောကြားသွားခဲ့သည်။ ဆိုလိုရင်းမှာ အစိုးရ မည်သို့ အမိန့်ညွှန်ကြားချက်အမျိုးမျိုး ချမှတ်ဆောင်ရွက်သော်လည်း ပြည်သူက လိုက်နာရန် အဓိကကျကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမပြုလျှင် အန္တရာယ်ရှိကြောင်း...

သိမ်းဆည်းမြေယာအရေး သွေးမအေးသင့်ပါ

မြန်မာနိုင်ငံ၏ အရင်းခံကျသည့် ပြဿနာများထဲတွင် မြေယာပြဿနာက ထိပ်တန်းနေရာက ပါဝင်နေသည်။ မြေယာပြဿနာသည် နိုင်ငံအတွက် အရေကြီးသော စီးပွားဖွံ့ဖြိုးရေးသာမက ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပါ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသည်။ မြေယာကဏ္ဍကို စနစ်တကျစီမံခန့်ခွဲမှုများနှင့် ပြုပြင်ပြောင်းလဲရေး မပြုလုပ်နိုင်ပါက ဖွံ့ဖြိုးရေးဆိုသည်မှာလည်း...

တိုင်းလွှတ်တော်နောက်ဆုံးနှစ်မှာ ဘာလုပ်မလဲ

တိုင်းဒေသကြီးလွှတ်တော် ဒုတိယသက်တမ်းမှာ ယခုနှစ်သည် နောက်ဆုံးနှစ်ဖြစ်သည်။ တိုင်းဒေသကြီး၏ ဒီမိုကရေစီအသက်ဝင်မှုသည် တိုင်းလွှတ်တော်၏ စွမ်းဆောင်မှုကောင်းမကောင်းနှင့်ချိန်ထိုးကာ တိုင်းတာနိုင်သည်။ မိမိတို့ စစ်ကိုင်းတိုင်းလွှတ်တော်၏ အစောပိုင်းကာလသည် မြိုင်ခဲ့သည်။ အစိုးရကို အကောင်းဆုံးအထိန်းအထေပြုနိုင်ခဲ့သည်။ တိုင်းလွှတ်တော်မှ လူငယ်အမတ်များ၏ စွမ်းဆောင်ချက်များမှာလည်း စွမ်းစွမ်းတမံရှိခဲ့သည်။

ဗယ်လင်တိုင်းနှင့် ချစ်ခြင်းတရား

ချစ်သူများနေ့ခေါ် ဗယ်လင်တိုင်းဒေးနှင့်ပတ်သက်၍ မြန်မာလူမျိုးအချို့တွင် ကြည်လင်မှုမရှိသော အမြင်များကို တွေ့ရသည်။ အဆိုပါနေ့တွင် အမျိုးသမီးငယ်များပျက်စီးသည်။ လူငယ်များ စည်းကမ်းဖောက်သည်ဟူသော အမြင် ရှေးရိုးစွဲသူ အမြောက်အမြားထံတွင်ရှိသည်။ တကယ်တမ်းမူ ဗယ်လင်တိုင်းဒေးခေါ် ချစ်သူများနေ့သည် လူသားများအကြားတွင် ချစ်ခြင်းမေတ္တာတံတားများ ခင်းပေးခဲ့သော ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို အထိန်းအမှတ်ပြုခေါ်ဆိုထားသောနေ့ဖြစ်ပြီး...
- Advertisement -

Latest article

ကုန်ကား ဒရိုင်ဘာ၊ စပါယ်ယာများ ရပ်/ရွာသို့ပြန်ပါက Quarantine ဝင်ရမည်

ကိုသစ္စာမုံရွာ၊ စက်တင်ဘာ-၂၉ မုံရွာမြို့ အခြေစိုက်၍ မြန်မာပြည်အနှံ့ ပြေးဆွဲနေသော ကုန်ကား ဒရိုင်ဘာ၊ စပါယ်ယာများသည် မြို့နယ်အတွင်း ပြန်ရောက်ပြီးနောက် မိမိတို့ ရပ်/ရွာများသို့ ပြန်လိုပါက သက်ဆိုင်ရာ Quarantine စင်တာများတွင် အသွားအလာကန့်သတ်အဖြစ် နေထိုင်ရမည်ဟု...

NLD စတစ်ကာအလှဆင် ထွန်စက်ပြိုင်ပွဲ ကျင်းပမည်

ကိုအောင်ကြီးမုံရွာ၊ စက်တင်ဘာ-၂၉ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD စတစ်ကာ လယ်ယာသုံးထွန်စက် အလှဆင်ပြိုင်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။

တရားမဝင်သစ်သယ်သူများဖမ်း၍ သစ်တောရုံးအပ်ထားစဉ် ထွက်ပြေး

မောင်စိန်ချိုပင်လည်ဘူး၊ စက်တင်ဘာ - ၂၈ ကသာခရိုင် ပင်လည်ဘူးမြို့တွင် တရားမဝင် တမလန်း သစ်သယ်လာသောယာဥ်နှင့်အတူ ဖမ်းမိထားသူ လေးဦး ထွက်ပြေးသွားကြောင်း ပင်လည်ဘူးမြို့ သစ်တောဦးစီးဌာနမှ သိရသည်။ ယနေ့နံနက်အစောပိုင်း...