COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
90

• ရောဂါ ကူးစက်ခံရသူ – ၉၃၄, ၈၂၅ ဦး
• သေဆုံးသူ – ၄၇, ၁၈၉ ဦး
• ပြန်လည်ကျန်းမာလာသူ – ၁၉၃, ၉၈၉ ဦး

?CNN သတင်း တင်ဆက်သူ Chris Cuomo ဟာ Covid-19 ရောဂါရှိသွားတဲ့အတွက် သူ့ မိသားစုနဲ့ခွဲပြီး အိမ်မြေအောက်ခန်းမှာ သီးခြားနေတယ်လို့ boston.com မှာ ရေးသား ထားပါတယ်။

?အိုင်ယာလန်နိုင်ငံမှာ ခုချိန်ထိ Covid-19 ရောဂါ ကူးစက်ခံရသူ ၃၀၀၀ ကျော်ပြီး၊ လော့ဒေါင်း လုပ်ထားစဉ်အတွင်း အသုဘ အခန်းအနားကိုပင် လူ ၁၀ ဦး ထက်ပို မသွားဖို့ ကန့်သတ်ထားကြောင်း dublinlive.ie မှာ ရေးသားထားပါတယ်။

?အာဖရိက မှာ ရောဂါရှိသူ ၅၀၀၀ ကျော်သွားပြီး၊ ဆီယာလီယွန်းမှာ အမျိုးသား တစ်ယောက်ကို ၁၄ ရက် ကြာ ကွာရင်းတင်းလုပ်ပြီးနောက်မှာ ရောဂါတွေ့လာရကြောင်း Punchng သတင်းမှာ ရေးသားထားပါတယ်။

?နယူးယောက်မြို့က ရဲဝန်ထမ်း ၁၅ % ဟာ နေမကောင်းဖြစလာလို့ သတင်းတွေပို့တာတွေရှိလာကြောင်း၊ ခုချိန်ထိ Covid-19 ရောဂါ နဲ့ သေဆုံးသူ ရဲ အရာရှိ ၅ ဦး ရှိ လာ ကြောင်း pix11 မှာ ရေးသားထားပါတယ်။

?အမေရိကန်နိုင်ငံမှာ ရောဂါတွေ့သူပေါင်း ၁၈၆ ၉၉၁ ဦး နဲ့ သေဆုံးသူ ၃၈၈၈ ဦး ရှိ ကြောင်း၊ နယူးယောက်မြို့က ဆေးဝန်ထမ်း ၄၀၀ ကျော်လောက်ဟာလည်း Covid-19 ရောဂါ ကူးစက် ခံထားရကြောင်း CNN မှာရေးသားထားပါတယ်။

?ဆားဗီးယားအစိုးရရဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဟာ Covid-19 ရောဂါ နဲ့ သေဆုံးသွား ကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။

?Cell research ဂျာနယ်ရဲ့ အယ်ဒီတာဆီ ပေးပို့လာတဲ့ ဝူဟန်မြို့ တက္ကသိုလ်က ဗိုင်းရပ်ပညာရှင် တစ်ယောက် ရေးထားတဲ့ စာတစ်စောင်မှာ စမ်းသပ်မှုအရ remdesivir ဆေးနဲ့ chloroquine ဆေးတို့ဟာ Covid-19 ရောဂါကို ပိတ်ဆို့ တားဆီးနိုင်စွမ်းရှိတယ်လို့
thediplomat မှာ ရေးသားထားပါတယ်။

?အမေရိကန်စစ်သင်္ဘော USS Theodore Roosevelt ပေါ်က စစ်သား ၇၀ ခန့် ဟာ ခပ်မြန်မြန်ပဲ Covid-19 ရောဂါကူးစက်ခံလိုက်ရတာကြောင့် စစ်မတိုက်ရဘဲ အသေမခံနိုင်ကြောင်း၊ သူတို့အသက်ကို အမြန်ဆုံးကယ်ဖို့လိုကြောင်း ပန်တဂွန်ကိုပြောထားတယ်လို့ CNN သတင်းမှာရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here