COVID-19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
974

• ရောဂါ ကူးစက်ခံရသူ – ၁,၈၆၆ , ၆၅၄ ဦး
• သေဆုံးသူ – ၁၁၅ , ၂၆၉ ဦး
• ပြန်လည်ကျန်းမာလာသူ – ၄၃၄ , ၀၅၄ ဦး

◾Covid-19 ရောဂါကပ်ဘေးကြောင့် နိုက်ဂျီးရီးယားနိုင်ငံက တောင်အာဖရိက နိုင်ငံသား ၁၃၈ ယောက်ကို ကယ်ထုတ်သွားတယ်လို့ vanguardngr.com မှာ ရေးသားထားပါတယ်။

◾Covid-19 ရောဂါ ကပ်ဘေးဖြစ်နေချိန်မှာ အရှေ့တောင်အာရှက ကျောင်းသားတွေအတွက် အွန်လိုင်းကနေ စာတွေသင်ဖို့ အင်တာနက်ကောင်းကောင်းမရှိတော့ သိပ်ခက်ခဲတယ်လို့ goodmenproject.com မှာ ရေးသားထားပါတယ်။

◾တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးဟာ စပိန်နိုင်ငံမှာ Covid-19 ရောဂါနဲ့ သေဆုံးသွားတာက ပြည်ပရောက် ကိုရီးယားနိုင်ငံသားတွေထဲက Covid-19 ရောဂါကပ်ဘေးကြောင့် သေဆုံးမှုမှာ ပထမဆုံးပဲလို့ koreanherald.com မှာ ရေးသားထားပါတယ်။

◾Covid-19 ရောဂါကပ်ဘေးကြောင့် အိန္ဒိယနိုင်ငံ ပန်ဂျပ်မှာကျောင်းသွားတက်နေတဲ့ ဘူတန်နိုင်ငံကျောင်းသား ၁၃၄ ယောက်ကို ပြန်လည် ခေါ်ဆောင်သွားတယ်လို့ hindustantimes မှာ ရေးသားထားပါတယ်။

◾ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ Covid-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်း အမှားတွေမပြန့်ဖို့၊ ဖုန်းထဲမှာသုံးတဲ့ WHO COVID-19 ဆိုတဲ့ အက်ပလီကေးရှင်းကို စတင် မိတ်ဆက်လိုက်ပါတယ်။

◾အိန္ဒိယနိုင်ငံ ဂူဂျရတ်ပြည်နယ်မှာ အိမ်အပြင်ထွက်ရင် မက်စ်တပ်ရမယ်၊ အဲလိုမှမဟုတ်ရင် အဝတ်နဲ့ ပါးစပ်နှာခေါင်းကို ဖုံးထားရမယ်၊ ချိုးဖောက်သူကို ပထမဆုံးအနေနဲ့ ရူပီး ၁၀၀၀ ချမှတ်မယ်၊ နောက်ထပ်ချိုးဖောက်ရင် ရူပီး ၅၀၀၀ ထိဒဏ်တပ်မယ်လို့ သတ်မှတ်လိုက်ကြောင်း aninews သတင်းမှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံ ဘရာမင်ဟန်မှာ ဘဝနေဝင်ချိန်ဝန်ဆောင်မှု တစ်ခုပေးဖို့ လူ့မှုကူညီရေးအဖွဲ့တွေ၊ အတိုင်ပင်ခံဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ၂၄ နာရီ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း Nursingtimes.net မှာ ရေးသားထားပါတယ်။

◾တရုတ်နိုင်ငံမှာ Covid-19 ရောဂါဖြစ်သူ ၁၀၀​​ ကျော်ပြန်လည်တွေ့ရှိလာပြီး သူတို့ဟာ ပြင်ပနိုင်ငံက ကူးစက်မှုတွေဖြစ်လို့၊ နယ်စပ်ဂိတ်တွေကို အထူးအလေးပေး စစ်ဆေးသွားမယ်လို့ people.cn မှာရေးသားထားပါတယ်။

◾တောင်ကိုရီးယားနိုင်ငံမှာ ရောဂါပျောက်ကင်းသွားသူတွေထဲက ၁၁၂ ယောက် ပြန်လည်ကူးစက်ခံရလို့ အထူးလေ့လာမူတွေ လုပ်နေရတယ်လို့ Korean times မှာ ရေးသားထားပါတယ်။

Ref: worldometers.info and world news

LEAVE A REPLY

Please enter your comment!
Please enter your name here