COVID -19 နောက်ဆုံးရ ကမ္ဘာ့သတင်းများ

0
971

ကမ္ဘာ့သတင်း၊ ဧပြီ -၂၆

• ရောဂါ ကူးစက်ခံရသူ – ၂ , ၉၂၁ , ၀၃၀ ဦး
• သေဆုံးသူ – ၂၀၃ , ၂၇၄ ဦး
• ပြန်လည်ကျန်းမာလာသူ – ၈၃၆ , ၉၄၁ ဦး

◾ရုရှားနိုင်ငံမှာ COVID-19 ရောဂါဖြစ်သူ ၇၄,၅၈၈ ဦး ထိအောင် အမြန် ရောက်လာတဲ့အတွက် ဆေးရုံအလွတ်တွေ မြန်မြန်ပြင်ဆင်ထားဖို့နဲ့ ဆေးကျောင်းသားတွေကိုလည်းကူညီဖို့ အစိုးရက ပြောဆိုလိုက်ပါတယ်။ မြို့တော် မော်စကိုမှာလည်း ကုတင် ၅၀၀၀ ဆံ့ ယာယီဆေးရုံ တည်ဆောက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင် ၁၁၀ % လောက်ထိ တိုးလာကြောင်း dailymail မှာ ရေးသားထားပါတယ်။

◾တရုတ်အစိုးရဘက်က COVID -19 ရောဂါဖြစ်တဲ့လူနဲ့ သေဆုံးသူစာရင်းကို အမှန်ပြောထားတယ်ဆိုပေမယ့် အင်္ဂလန်အစိုးရကတော့ တရုတ်ရဲ့ ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ရာမှာ မသုံးတော့ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ တရားဝင် ကိန်းဂဏန်းတွေမှာ ကူးစက်ခံရသူ ၈၃၉၀၁ ဦး၊ သေဆုံးသူ ၄၆၃၆ ဦးလို့ သိရကြောင်း dailymail မှာ ရေးသားထားပါတယ်။

◾ဟောင်ကောင်က ကိုဗစ်ရောဂါနဲ့ ဆေးကုသပျောက်ကင်းလို့ ဆေးရုံဆင်းသွားသူ ၈ ယောက်မှာ ရောဂါပြန်တွေ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ရောဂါပြန်ဖြစ်ရင် ကူးစက်မှုနည်းပါတယ်လို့ လူထုမကြောက်အောင် လျှော့ပြောထားတယ်လို့ south china morning psot မှာ ရေးသားထားပါတယ်။

◾ကိုယ်ဝန်ဆောင်တွေမှာ COVID -19 ရဲ့ ပြင်းထန်အန္တရာယ်တွေဟာ တိုးမလာဘူးလို့ တရုတ်သိပ္ပံပညာရှင်တစ်ယောက်က ဝူဟန်မှာ ကိုယ်ဝန်ဆောင် ၁၈၈ ယောက်ကို ဒီဇင်ဘာ ၈ ရက်က စတင်လေ့လာခဲ့ရာမှာ ၁၀၉ ယောက်ဟာ ကိုဗစ်လက္ခဏာ အပျော့စားပဲတွေ့ရပြီး၊ ကျန် ၉ ယောက်ကတော့ ရောဂါလက္ခဏာ ပြင်းထန်တယ်လို့ ဆိုပါတယ်။ ဝူဟန်က ဆေးရုံ ၅၀ ကျော်မှာ လေ့လာခဲ့တာလို့ ဆိုကြောင်း south china morning psot မှာ ရေးသားထားပါတယ်။

◾အင်္ဂလန်နိုင်ငံမှာ COVID -19 နဲ့ တစ်ရက်အတွင်း သေဆုံး ၇၀၀ ကျော်ပြီး ခုထိ သေဆုံးသူ ၂၀,၀၀၀ ကျော်ပါတယ်။ အမေရိကန်မှာတော့ သေဆုံးသူ ၅၂,၀၀၀ ကျော်နဲ့ တကမ္ဘာလုံး သေဆုံးသူပေါင်း ၂ သိန်းကျော်သွားပြီ လို့ BBC က ရေးသားထားပါတယ်။

◾ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူဟာ ရောဂါပျောက်သွားရင် ပြန်လည်မကူးစက်ခံရဘူးဆိုတာ သက်သေမရှိပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောဆိုထားကြောင်း Nypost မှာ ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here